Wednesday, April 28, 2021

တပ်စခန်းအသိမ်းခံရတဲ့ စစ်ကောင်စီ ကျေးရွာတွေဗုံးကြဲ

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက မယ့်ရထာ မြန်မာစစ်ကောင်စီတပ်စခန်းတခုကို ကေအန်ယူတပ်မဟာ(၅)က ဧပြီလ၂၇ရက်နေမှာ သိမ်းပိုက်လိုက်တဲ့ တနေ့ တည်းမှာပဲ သံလွင်မြစ်ကမ်းအနီးက ကရင်ကျေးရွာတွေကို စစ်ကောင်စီဘက်က ဗုံးကြဲ တိုက်ခိုက်မူ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ သံလွင်မြစ်ကမ်းဘေးက မြန်မာတပ်စခန်းတခုကို ကေအန်ယူက သိမ်းပိုက်လိုက်ပြီးတဲ့နောက် တနေ့တည်းမှာပဲ ကေအန်ယူ တပ်မဟာ(၅) ထိမ်းချုပ်နယ်မြေမှာရှိတဲ့ ကရင်ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူလုပ်ခဲ့ကြောင်း ကေအန်ယူ တပ်မဟာ၅ က ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မူးကြီးစောကလယ်ဒိုက ပြောပါတယ်။

"သူတိုလေယာဉ် ပျံဝဲလာပြီး ဒရုန်းလည်းတစင်းလည်းပါတယ်။ အကုန်လုံး ၆စင်းပေါ့ ၊ သူတို့ ၀ဲပျံလာပြီး ဘွားတဲဂွင်မှာ သွားပစ်တယ်။ သံလွင်မြစ်နဖူးက ဝေဗိုထာဆိုတဲ့ရွာကို လာပစ်တယ်။ နေ့လည် ၁၁နာရီနဲ့ မိနစ် ၅၀လောက်မှာ သူတို့ သွားကြဲတာ။ ဘွားထဲဂွင်က ကလောခိုရွာပေါ့နော် ၊ သံလွင်မြစ်ကမ်းနားမှာကတော့ ဝေဗိုထာရွာပေါ့။”

လက်ရှိမှတော့ ထိခိုက်ပျက်စီးမူ စာရင်းတွေကို မသိရသေးကြောင်း ပြီးခဲ့တဲ့မတ်လ၂၇ ရက်နေ့ကစပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေလုပ်သွားပြီးကတည်းက ရွာသားတွေကတော့ တလကြာတဲ့အထိ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

“ ထိခိုက် ဒါဏ်ရာရမူနဲ့ ပျက်ဆီးဆုံးရှုံးမူကတော့ စာရင်းအတိအကျမရသေးဘူး ။ လူတွေက ဟိုး၂၇ ရက်နေ့ လာပစ်ကတည်းက ရွာသူရွာသားတွေကလည်း ရွာထဲမှာ ဘေးလွတ်တဲ့နေရာမှာ သွားနေကြတာ။ သူတို့လည်း လေယာဉ်က ခဏခဏလာဝဲပျံနေကတည်းက ရွာထဲမနေကြဘူး။ အခုလိုအခြေအနေမျိုးမှာပိုပြီး သတိနဲ့ နေကြတာပေါ့။”

မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ၅ရဲ့ ဧပြီလ၂၇ရက်နေ့က တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က ၁၀ဦးကျော် သေဆုံးသလို ကေအန်ယူဘက်ကလည်း ၃ဦးခန့် ထိခိုက်သေဆုံးတာ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ဖာပွန်မြို့ပေါ်တွေမှာတော့ စစ်တပ်ကစခန်းချထာတဲ့ နေရာတွေကို ကေအန်ယူက ပစ်ခတ်တာတွေရှိသလို နှစ်ဖက်တိုက်ပွဲတွေကြောင့် ဖာပွန်မြို့ အဝင်အထွက်လမ်း ပေါ်တွေလည်း လူထုတွေကသွားလာတာမျိုးမရှိဘူးလို့လည်း ဖာပွန်မြိုခံတဦးကပြောပြပါတယ်။

“ဘားအံကနေ ဖာပွန်ကိုလာတဲ့လမ်းမှာ ကမမောင်း၊ကတိုင်ထိ ၊ တောင်သုံးလုံး အဲဒီ တောက်လျောက်က စစ်တပ်တွေတိုက်ပွဲဖြစ်နေတဲ့နေရာတွေ။ ပဲဝါးဘိုးတောမှာ ဟိုတခေါက်က တိုက်ပွဲဖြစ်နေတယ်ဆိုတော့ အဲဒီလမ်းတွေကဘယ်သူမှ မသွားရဲကြဘူးလေ။”

မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းပြီးကတည်းက KNU တပ်မဟာ ၅နဲ့ တိုက်ပွဲ ဆက်တိုက်ဖြစ်နေပြီး ကေအန်ယူတပ်မဟာ(၅) က တလအတွင်း စစ်တပ်ရဲ့ ခြေကုတ်စခန်း၂ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီလိုစခန်းသိမ်းတိုက်ပွဲတွေဖြစ်ပြီးတိုင်းမှာလည်း စစ်တပ်ဘက်က ကေအန်ယူတပ်မဟာ(၅)ထိန်းချုပ်တဲ့ ကရင်ရွာတွေကို ဗုံးကြဲတိုက်ခိုက်မူတွေလုပ်ခဲ့ပါတယ်။ ဒီအတွက် ကရင်ရွာသားတသောင်းကျော်ဟာ အခုချိန်ထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေဆဲဖြစ်ပါတယ်။

https://burmese.voanews.com/a/myanmar-military-air-strike-on-karean-villages-/5869025.html

No comments:

Post a Comment