Saturday, April 24, 2021

မိုး​​မောက်မြို့က စစ်​ကောင်စီလက်နက်ကိုင် တပ်စခန်း တိုက်ခိုက်ခံရပြီး ​လေယဥ်​​​ကြောင်းမှ ပြန်လည် ပစ်​ခတ်နေ

 မိုး​​မောက်မြို့က စစ်​ကောင်စီလက်နက်ကိုင် တပ်စခန်း တိုက်ခိုက်ခံရပြီး ​လေယဥ်​​​ကြောင်းမှ ပြန်လည် ပစ်​ခတ်နေ

April 24 - Kachinwaves
ကချင်ပြည်နယ် မိုး​မောက်မြို့နယ် မြို့သစ်​ကျေးရွာအနီးရှိ စစ်​ကောင်စီတပ်စခန်း​ တိုက်ခိုက်ခံရပြီး​နောက် တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး စစ်​ကောင်စီ လက်နက်ကိုင်​များမှ လေယာဥ်​များဖြင့်ပစ်​ခတ်နေ​ကြောင်း သတင်းရရှိသည်။
တိုက်ပွဲသည် နံနက် ၈နာရီ​ခန့်တွင် စတင်ဖြစ်ပွားပြီး ​မွန်းလွဲ ၁ နာရီ​ခန့်အထိ ​လေယာဥ်​များဖြင့် ပစ်​ခတ်နေ​ကြောင်းလည်း သိရသည်။
"ဘယ်ကို လာတိုက်တာလည်း​တော့ အတိအကျ မသ်ိသေးဘူး။ မြို့သစ်ရွာကိုလာပစ်ပြီဆို ရဲစခန်းကိုပစ်တယ်။ ၃၂၀တပ်ရှေ့တောင်ပေါ်က မိုက်ခရိုဝေ့ စခန်းကိုပစ်တယ်။ ကျနော်တို့မြို့သစ်ကြ်ိုးတံတားကို လာပစ်တယ်။ ဒီ​နေ့​ ပစ်တာ​​တော့ ကြိုးတံတားဘက် မပါဘူး။"ဟု ​ဒေသခံတစ်ဦးကဆိုသည်။
စစ်​ကောင်စီ လက်နက်ကိုင်​​များ အာဏာစသိမ်းချိန်မှ စတင်ပြီး ဗျူဟာကုန်ဖြစ်သည့် အ​လောဘွမ်း ​တောင်ကုန်းအပါအဝင် စစ်​ကောင်စီတပ်စခန်း ၁၀ခုထက်မနည်း ​ကေအိုင်​အေမှ သိမ်းယူခဲ့​ကြောင်း သိရသည်။
ကချင်ပြည်နယ် ​နေရာအနှံ့တွင်လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။

No comments:

Post a Comment