Sunday, April 25, 2021

စာရေးဆရာမ တူးတူးသာ ဖမ်းဆီးခံရ

 စာရေးဆရာမ တူးတူးသာ ဖမ်းဆီးခံရ

ရန်ကုန်၊ သန်လျင်မြို့နယ်မှ စာရေးဆရာမ တူးတူးသာနှင့် အခြား ၃ ဦးကို စစ်ကောင်စီတပ်က သွားရောက်ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မိသားစုကို အသိပေးခြင်း မရှိပေ



Myanmar Now

Published on Apr 25, 2021

စာရေးဆရာမ တူးတူးသာ (ဓာတ်ပုံ - The Irrawaddy)

စာရေးဆရာမ တူးတူးသာ (ဓာတ်ပုံ - The Irrawaddy)

ရန်ကုန်၊ သန်လျင်မြို့တွင် နေထိုင်သူ ဒေါ်တူးတူးသာအပါအဝင် လေးဦးကို ယမန်နေ့ ဧပြီ ၂၄ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်။ 


ယမန်နေ့ည ၁၀ နာရီခွဲဝန်းကျင်တွင် နေအိမ်တွင် မတူးတူးသာ၊ သားဖြစ်သူ ကိုဉာဏ်လူသစ်၊ မောင်ဖြစ်သူ ကိုရဲနောင်နှင့် သားဖြစ်သူ၏ သူငယ်ချင်း ကိုသီဟထွန်းတို့ လေးဦးကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။


“ညက ၁၀ နာရီခွဲလောက်မှာ ဧည့်စာရင်းစစ်မယ်ဆိုပြီးတော့ ရပ်ကွက်လူကြီးတွေရယ်၊ ရဲတွေရော၊ စစ်သားတွေရော ကားတွေနဲ့ ရောက်လာပြီးတော့ ဖမ်းသွားတာ။ လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူး” ဟု မတူးတူးသာ၏ မိတ်ဆွေတစ်ဦးက Myanmar Now သို့ ပြောသည်။  


စာရေးဆရာမ တူးတူးသာသည် ယခင်က ဧရာ၀တီသတင်းဌာန၏ စာတည်း၊ သန်လျင်ပို့စ်ဂျာနယ်၏ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး သတင်းစာပညာရပ်ဆိုင်ရာ သင်တန်းနည်းပြတစ်ဦးလည်း ဖြစ်သည်။ 




နိုင်ငံရေးသမားများ၊ စာရေးဆရာများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများသည် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ဖမ်းဆီးခံနေရသည်။


ဧပြီ ၂၄ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူပေါင်း ၃၃၈၉ ဦး​ရှိပြီး ၇၉ ဦးကို ထောင်ဒဏ်ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားသည်။ 

https://myanmar-now.org/mm/news/6599

No comments:

Post a Comment