ပစ်ခတ်မှုများတားဆီးရန် စစ်ရှောင်များအား ကူညီရန် KPSN တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။
ပစ်ခတ်သတ်ဖြတ်မှုများအား နိုင်ငံတကာမှ ဝိုင်းဝန်းတားဆီးပေးရန်နှင့် စစ်ဘေးရှောင်များတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိရောက်စွာပေးရန် ကရင် ငြိမ်းချမ်းရေး အထောက်အ ကူပြုကွန်ရက် KPSN က တောင်းဆို လိုက်သည်။
မတ်လ ၂၉ ရက်နေ့ (ယနေ့) တွင် KPSN က သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အတွင်းရှိ ကျေးရွာများအား အာဏာ သိမ်းစစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ထဲ တွင် အဆို ပါ အချက်များကို ထည့်သွင်းတောင်းဆိုထားသည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး က “ထွက်ပြေးတိမ်း ရှောင်နေရတဲ့ သူတွေကို လာရောက်ကူညီပေးမယ့် အကူအညီပေးတဲ့အဖွဲ့တွေကို လမ်းဖွင့်ပေးဖို့ နိုင်ငံတကာ က လည်း ထွက်ပြေးနေရတဲ့သူတွေကို အကူအညီပေးဖို့၊ နောက်တစ်ခုက အဓိကတောင်းဆိုချင်တာကတော့ နိုင်ငံတ ကာကနေ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ခံနေရတဲ့ မြန်မာ ပြည်သားတွေ ကို ကူညီကာကွယ်ပေးဖို့၊ ပြီးတော့ ကုလသမဂ္ဂ လုံခြုရေး ကောင်စီက မြန်မာနိုင်ငံက ကိစ္စရပ်တွေကို ICC တင် သွင်းဖို့ရယ် နောက်တစ်ခုက ကုလသမဂ္ဂလုံခြုံရေးကောင်စီက အခြေအနေကို စောင့်ကြည့်တဲ့ စောင့်ကြည့်ရေး အဖွဲ့ကို စေလွှတ်ပေးဖို့ ဖြစ်တယ်။ပြီးတော့ အာဏာသိမ်းစစ်ကောင်စီရဲ လက်နက်ခဲ့ယမ်း ဝယ်ယူမှုကို ပိတ်ပင် တားဆီးဖို့ စတာတွေကို UN က လုပ်ဆောင်ပေး ဖို့အတွက်ဖြစ်တယ်ပေါ့နော” ဟု ပြောသည်။
ထို့အပြင် လက်နက်မဲ့ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေသည် နိုင်ငံထဲတွင် မရှိတော့သည့် အတွက် ပြည်သူများအား အကြမ်းဖက် နိုင်နှင်းဖြိုခွင်းနေသည့် စစ်ကောင်စီတပ်များအား နိုင်ငံတကာ ဥပဒေ အပေါ်တွင် ရပ်တည်ပြီး အရေးယူအပြစ်ပေးနိုင်သည့်အထိ လုပ်ဆောင်ပေးရန် နော်ဝါးခူရှီးက တိုက်တွန်းသည်။
၎င်းက “စစ်အာဏာ သိမ်းလိုက်တဲ့အတွက် တိုင်းသူပြည်သားတွေကို ကာကွယ်ပေးတဲ့ အစိုးရမရှိတော့ဘူး။ အာ ဏာသိမ်းစစ်တပ်က တိုင်းသူပြည်သားတွေကို အကြမ်းဖက်နှိမ်စက်နေတဲ့အတွက် နိုင်ငံတကာ တိုင်းပြည်တွေ အနေနဲ့ မြန်မာပြည်သားတွေကို ဒီလိုလုပ်ရပ်တွေကနေ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ပြီးတော့ အဓိက ဒီလို အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်တွေကို အပြစ်ပေးအရေးယူပေးဖို့ နောက်တစ်ခုက တိုင်းပြည်မှာ ဥပဒေတွေ အသုံးပြုလို့ မရတော့တဲ့အတွက် နိုင်ငံတကာ ဥပဒေအပေါ်မှာ ရပ်တည်ပြီး ပြည်သူ တွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်ကို တွန်းအားပေးဖို့ အပြစ်ပေးအရေး ယူပေးဖို့နဲ့ တိုင်းသူ ပြည်သားတွေကို အကာအကွယ်ပေးဖို့အတွက်ဖြစ်တယ်” ဟု ပြောသည်။
မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည့် KPSN ၏ ထုတ်ပြန်ချက်ထဲတွင် အာဏာသိမ်းစစ်တပ်၏ မင်းမဲ့စရိုက် နှင့် ပစ်ခတ်သတ်ဖြတ်မှုများ ယခုထက်ပိုမိုကြီးမားများပြားလာခြင်းမရှိအောင် နိုင်ငံတကာအသိုင်းအဝန်းမှ အရေးတကြီး ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးရန်၊ ထို့ပြင် အာဏာသိမ်းစစ်တပ်၏ ချိုးဖောက်မှုများကို နိုင်ငံ တကာခုံရုံးတွင် စစ်ဆေးအရေးယူနိုင်ရန်၊ မြန်မာနိုင်ငံအတွင်းသို့ စောင့်ကြည့်လေ့လာရေး ယန္တရားများဖွဲ့စည်းပို့ ဆောင်ရန်နှင့် အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းဝယ်ယူခွင့်ကိုပိတ်ပင်တားဆီးရန် စသည်များအတွက် UN Security Council Resolution မှ ဆောင်ရွက်ပေးရန်တို့ကို ထည့်သွင်းထားသည်။
ထို့အပြင် အာဏာသိမ်းစစ်တပ်မှ ဌာနေတိုင်းရင်းသား ဒေသအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ပစ် ခတ်သတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ၎င်းတို့ ၏ တပ်စခန်းများကို ကျွန်ုပ်တို့ဒေသအတွင်းမှ အမြန်ဆုံး ပြန်လည်ထွက်ခွာသွားရန်နှင့် စစ်ဘေးမှ ထွက်ပြေးတိမ်း ရှောင်နေရသော ဒေသခံပြည်သူလူထုများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ထိ ရောက်စွာကူညီပံ့ပိုးပေးရန် ထုတ်ပြန်ချက်ထဲတွင် တောင်းဆိုထားသည်။
ပြည်သူလူထုထံမှ မတရားသိမ်းပိုက်ထား သော အာဏာများကို အရပ်သားအစိုးရဆီသို့ ပြန်လည်အပ်နှင်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အမြန်ဆုံး ဖော်ဆောင်တည် ဆောက်ရန် ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်အာဏာသိမ်းမှုကို မလိုလားကြောင်း ဆန္ဒပြ တောင်းနေကြသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်များမှ အကြမ်းဖက်ဖြိုခွင်းကာ ကျည်အစစ် ဖြင့် ပစ်ခတ်မှုများ၊ ရိုက်နှက်မှုများ၊ မတရားဖမ်းဆီးနှိမ်စက်ခြင်းများ စသည့် လူ့အခွင့် အရေးချိုးဖောက်မှု များကို တွင်တွင်ကျယ်ကျယ် ကျူးလွန်နေသည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့်အာ ဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများလည်း ပြင်း ထန်စွာ ပြန်လည်ဖြစ်ပွားနေသည်။
ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အတွက်သာမက အဖက်ဖက်မှ အကူအညီများလည်း လိုအပ်နေသည်ဟု ဆိုသည်။
http://www.nmg-news.com/2021/03/30/13370
No comments:
Post a Comment