ကော့သောင်းမြို့တွင် ပစ်ခတ်ဖြိုခွဲမှုအတွင်း အမျိုးသားသုံးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်းသိရ
NEWS
PUBLISHED 30 MARCH 2021
ကော့သောင်းမြို့တွင် ယနေ့ (မတ် ၃၀ ရက်) ပစ်ခတ်ဖြိုခွဲမှုအတွင်း အမျိုးသား သုံးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မတ် ၃၀ ရက်တွင် ကော့သောင်းမြို့၌ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်များက လင်းမချန်ရပ်ကွက်အနီး ဆန္ဒထုတ်ဖော်သူများအား ပစ်ခတ်ဖြိုခွဲခဲ့ပြီး အေးရပ်ငြိမ်၊ ရွှေဇင်ယော် အစရှိသော ရပ်ကွက်များအတွင်း ပစ်ခတ်ဖြိုခွဲမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ပစ်ခတ်မှုများကြောင့် ယနေ့ နံနက်ပိုင်းတွင် ရွှေဇင်ယော်ရပ်ကွက်တွင် နေထိုင်သူ ကိုကျော်သူရ (အသက် ၂၂ နှစ်) နှင့် ညနေပိုင်းတွင် ဦးစုကမ်းနှင့် ကိုသန်းဇော်ဦးဆိုသူ အမျိုးသား နှစ်ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပစ်ခတ်ဖြိုခွဲမှုအတွင်း သေနတ်ဒဏ်ရာ ရရှိထားသူများလည်း ရှိနေပြီး သေဆုံးသူ တိုးလာနိုင်ဖွယ်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
’’ဒီနေ့ မတ်လ ၃၀ ရက်နေ့မှာ မနက်ပိုင်းမှာ တစ်ယောက် သေတယ်၊ အခုညနေမှာ ၂ ဦး သေဆုံးခဲ့ရပြီဆိုတော့ ၃ ဦးဖြစ်သွားပြီ၊ ပင်လယ်ထဲမှာလည်း ရေကြောင်းရဲက စစ်ရေယာဉ် နှစ်စီးနဲ့ ရေထဲမှာ ကင်းလှည့် စောင့်နေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ကော့သောင်းမြို့တွင် လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်ဖြိုခွဲမှုများအတွင်း သေဆုံးသူ ရှစ်ဦးရှိခဲ့ပြီး ၄၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
https://news-eleven.com/article/206406
No comments:
Post a Comment