Saturday, February 27, 2021

 

လှည်းတန်းတွင် ကားပိတ်နေ၍ ရပ်ထားသည့် YBS ယာဥ်မောင်း ၂ ဦးကို ရဲက ဖမ်းဆီး

လှည်းတန်းမှာ ကားပိတ်လို့ ရပ်ထားတဲ့ YBS ယာဥ်မောင်းနှစ်ယောက်ကို လမ်းပိတ်အောင်လုပ်တယ်ဆိုပြီး ရဲက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

လှည်းတန်းလမ်းမ​ပေါ်မှာ မနက် ၉ နာရီလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူတွေကို အင်အားသုံးဖြိုခွင်းချိန် YBS ၃၈ နဲ့  ၆၀ ကားပေါ်က ယာဥ်မောင်းနှစ်ယောက်ကို လမ်းပိတ်ဆို့တယ်ဆိုကာ ရဲကလက်ထိတ်ခတ်ပြီး ဖမ်းခေါ်သွားတာလို့ မျက်မြင်တွေက ပြောပါတယ်။

ကားလေးတွေက ရှေ့မှာပိတ်နေလို့ ရပ်ထားတာဖြစ်ကြောင်း ယာဥ်ထိန်းရဲတချို့က လာရောက်ဖျန်ဖြေပေးခဲ့ပေမယ့် မရခဲ့ဘူးလို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကို အသလွတ်ပိတ်ပြီး ကာထားပေးတာဆိုပြီး ရဲအရာရှိကယောက်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ကားရှေ့က သေနတ်နဲ့ချိန်ပြီး တံခါးဖွင့်ခိုင်းတာမရလို့ ခရီးသည်အပေါက်ကနေ ဝင်ပြီးဖမ်းခေါ်သွားကြောင်း မျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။

လှည်းတန်းလမ်းပေါ် ဒီမနက်ကစပြီး ဆန္ဒပြသူတွေကို ရဲက အင်းအားသုံး ပစ်ခတ်ဖမ်းဆီးမှုအတွင်း သတင်းထောက် ၂ ယောက်အပါအဝင် လူ ၅ ယောက်နဲ့အထက် ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

http://burmese.dvb.no/archives/447249

No comments:

Post a Comment