Saturday, February 27, 2021

 

မြေနီကုန်းနှင့် လှည်းတန်းတွင် ရဲက ပစ်ခတ်ဖမ်းဆီး​နေ

ရန်ကုန် ၊ မြေနီကုန်းလမ်းဆုံနဲ့ လှည်းတန်းလမ်းမတ​လျှောက်မှာ ဒီ​နေ့မနက်ကစ ဆန္ဒပြသူတွေကို ရဲကအင်းအားသုံးဖြိုခွင်းပြီး ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ 

ရန်ကုန်၊ လှည်းတန်းလမ်းမှာလည်း ​အသံဗုံး​ပစ်​ဖောက်တာ၊ ​သေနတ်ပစ်ခတ်တာ​တွေလည်း ရှိခဲ့ပြီး သတင်း​ထောက် ၂ ​ယောက် အဖမ်းခံခဲ့ရပါတယ်။ 

၁၁ နာရီ​လောက်မှာလည်း ​မြေနီကုန်းလမ်းဆုံအနီး Live လွှင့်နေတဲ့ သတင်း​ထောက်တစ်​ယောက်ကို ဖမ်းဆီးသွားပါ​သေးတယ်။ 

​မနက် ၁၁ နာရီ​ကျော်အထိ လှည်းတန်းလမ်းမ​ပေါ်မှာလည်း စစ်ကား​တွေရပ်ထားပြီး လမ်းသွယ်​တွေထိပ်မှာ ရဲ​တွေ​စောင့်​နေတုန်းပါ။ 

ရန်ကုန်မှာ ​ဖေ​ဖော်ဝါရီ ၂၆ ရက်​နေ့ကစလို့ ရဲ​တွေက ဆန္ဒပြသူ​တွေနဲ့ အရပ်သား​တွေအပြင် သတင်း​ထောက်​တွေကိုပါ ရိုက်နှက်ဖမ်းဆီးတာ​တွေ လုပ်လာနေတာပါ။

ညီငယ်

http://burmese.dvb.no/archives/447179

No comments:

Post a Comment