Sunday, February 28, 2021

 

ရေးမြို့ ဆန္ဒပြပွဲတွင် ပစ်ခတ်ခံရမှုကြောင့် ၁ ဦး ဒဏ်ရာရ

စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၁ ရက်မြောက်အဖြစ် ရေးမြို့  ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံနဲ့ ဝန်ထမ်းအင်အား ၂၀၀၀၀ လောက် မြို့တွင်းလှည့်လည်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူ့ရင်ပြင်အရှေ့မှာ ဆန္ဒပြသူတဦးကို ဖမ်းဆီးခဲ့ရာမှာ ဆန္ဒပြပြည်သူတွေ စုပြုံလာတာကြောင့် သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

ရေးမြို့ပြည်သူ့ရင်ပြင်မှာ ဒီနေ့ မနက်ကစပြီး ရဲတပ်ဖွဲ့ဝင်‌တွေက လာရောက်ပိတ်ဆို့ထားတာကြောင့် စုရပ်ပြောင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့တွင်းလှည့်လည်ခဲ့ကြတာလို့ ဆိုပါတယ်။

ဆန္ဒပြပြည်သူတွေ ဝိုင်းဝန်းတောင်းဆိုခဲ့တာကြောင့် ဖမ်းဆီးထားတဲ့သူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝင်းနိုင်သက်

http://burmese.dvb.no/archives/447500

No comments:

Post a Comment