Monday, February 1, 2021

ပဲခူးတိုင်းလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ စောသူရအောင် ပြန်လွတ်လာ

 ပဲခူးတိုင်းလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ စောသူရအောင် ပြန်လွတ်လာ

February 1, 2021 497


ဖေဖော်ဝါရီ ၁ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ


ပဲခူတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဋ္ဌ လည်းဖြစ်သူ အုတ်ဖိုမြို့နယ် အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စောသူရအောင်(ကဗျာဆရာ မုန်းအောင်) ကို ထိန်းသိမ်းထားရာမှ ယနေ့မွန်းလွဲပိုင်းတွင် နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။


“ မနက် ၄ နာရီလောက်မှာ ကျနော်အိမ်ကို လာခေါ်တယ်၊ ကျနော်တို့ မြို့က (အုတ်ဖို) ခလရ-၆ မှာ ထားတယ်။ နောက် နေ့လည် ပိုင်းလောက်မှာ မင်းလှ ခလရ-၁ ကိုရောက်တယ်။ မကြာဘူး သူတို့ အိမ်ပြန် ပို့ပေးတယ်၊ ပြောရမယ်ဆို တစ်မနက်ခေါ်ထားတယ်ပေါ့ ” ဟု ကဗျာဆရာ မုန်းအောင်က ပြောသည်။


ထိုသို့ ခေါ်ဆောင်ထားစဉ် ထွေထွေထူးထူးမေးမြန်းမှုများ ပြုလုပ်ခြင်းမျိုးမရှိကြောင်း ၎င်းက ဆက်ပြောသည်။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့ကိုမူ ထိန်းသိမ်းထားဆဲ ဖြစ် ကြောင်း ပဲခူးတိုင်းမှလာသော သတင်းများအရ သိရသည်။

http://kicnews.org/2021/02/%e1%80%95%e1%80%b2%e1%80%81%e1%80%b0%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%82%8a%e1%80%90%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%b9-%e1%80%90%e1%80%ad%e1%80%af/

No comments:

Post a Comment