Monday, February 1, 2021

တပ်မတော်၏ ငြိမ်းချမ်းရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်း

 တပ်မတော်၏ ငြိမ်းချမ်းရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်း

 DMG Feb 2, 2021



DMG | ဖေဖော်ဝါရီ ၂


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေးနိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေးကော်မတီကို ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင် အဖွဲ့များ၊ လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် ဆက်လက်ဆွေးနွေးဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အမြန်ဆုံးဆက်လက်ဆွေးနွေးနိုင်ရေးအတွက် ယခုကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။


လက်ရှိပြင်ဆင်ဖွဲ့စည်းလိုက်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းတို့ပါဝင်သည်။


အဆိုပါ ငြိမ်းချမ်းရေးကော်မတီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လမ်းကြောင်းအတိုင်း လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များအား NCA လက်မှတ်ထ ထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးရန် ငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကထုတ်ပြန်ထားသည်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်နေ့က ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့် ဦးစီးအဖွဲ့ဝင် ၄ ဦးဖြင့် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။


https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/tmp-pc-cc.html

No comments:

Post a Comment