Monday, February 1, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးကျင်းပပြုလုပ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးကျင်းပပြုလုပ်


    နေပြည်တော်   ဖေဖော်ဝါရီ   ၁

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင်    နိုင်ငံတော်သမ္မတအိမ်တော်၌   ကျင်းပပြုလုပ် သည်။

    အစည်းအဝေးသို့  နိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၊  ဒုတိယ တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်    (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး      စိုးဝင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ  တက်ရောက်သည်။

    အစည်းအဝေးတွင်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်    ပတ်သက်ပြီး    တင်ပြရာတွင် မြန်မာ့တပ်မတော်သည် ပြည်သူနှင့် ပတ်သက်လာလျှင် “ပြည်သူသာအမိ၊ ပြည်သူသာအဖ ” ဟူသော ဆောင်ပုဒ်ကို ခေတ်အဆက်ဆက် ဦးထိပ်ထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူတို့  လိုလားတောင်းဆိုသော   “ပါတီစုံ ဒီမိုကရေစီစနစ်” ကို ဆွေးနွေးညှိနှိုင်း  ခြင်းနည်းလမ်းများ၊  ဥပဒေလုပ်ထုံး လုပ်နည်းများအရ ဆောင်ရွက်ခြင်း နည်းလမ်းတည်းဟူသော နိုင်ငံရေးယဉ်ကျေးမှုများဖြင့် တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ပါကြောင်း ဦးစွာပြောကြားသည်။

    ပြဋ္ဌာန်းထား

    ထို့နောက် ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅    ခုနှစ်    ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့ကို အောင်မြင်စွာ ကျင်းပပေးခဲ့ ပါကြောင်း၊ ၎င်းရွေးကောက်ပွဲများ၌ ကြီးမားသည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ မရှိခဲ့ဘဲ သာမန်အငြင်းပွားမှုများကို သာ တွေ့ရှိခဲ့ရပြီး  အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ      အငြင်းပွားမှုများကိုလည်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နှင့် တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဖြေရှင်းပေးခဲ့ပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို  ကျင့်သုံးရာတွင် လွတ်လပ်၍ တရားမျှ  တသော ရွေးကောက်ပွဲသည် ၎င်းစနစ်၏ အသက်ပင်ဖြစ်ပါကြောင်း၊ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒ  အစစ်အမှန်ကို    ထင်ဟပ်ပေါ်လွင်စေမည် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌တည်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံးမည့်    အစိုးရအဖွဲ့၊    သက်ဆိုင်ရာ လွှတ်တော် အသီးသီး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အဖွဲ့အစည်းအသီးသီးတို့ကို ရွေးကောက်ပွဲဖြင့် တိုက်ရိုက်၍ သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း၊ ပြည်သူက ရွေးချယ်ရခြင်းဖြစ်ပါကြောင်း၊   ၎င်းရွေးကောက်ပွဲသည် လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတမှသာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ် ပေါ်လွင်လျက် အချုပ်အခြာအာဏာသည်   ပြည်သူ/ နိုင်ငံသားများထံမှ စစ်မှန်သည့် ဆင်းသက်ခြင်းမျိုး ဖြစ်ပါကြောင်း။

    ယခုကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်မူ    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင်ထုတ်ပြန်ခဲ့သော   မဲစာရင်းအပေါ် စိစစ်ချက်များအရ  မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်းကျော်) ရှိခဲ့ပါကြောင်း၊        ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၃၈ သန်း ရှိပြီး ၎င်းအနက် ၁၀ သန်းကျော် မဲမသမာမှုဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိချက်မှာ မဲပေးပိုင် ခွင့်ရှိသူ လူပမာဏ၏    လေးပုံတစ်ပုံကျော်      (၂၅ % ကျော်)     မဲမသမာမှုဖြစ်နိုင် နေခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိစ္စ သည် သာမန်မှားယွင်းမှု၊ သာမန်အငြင်းပွားနိုင်မှုမဟုတ်သည်ကို    ပြည်သူလူထုတစ်ရပ်လုံး    တွေ့မြင်နိုင်ပါကြောင်း၊ ထိုသို့  တွေ့မြင်နိုင်အောင်လည်း တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာစွာ  စိစစ်တွေ့ရှိချက် စာရင်းဇယား များထုတ်ပြန်ခြင်း ၃၀ ကြိမ်၊ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းအား   ရွေးကောက်ပွဲမတိုင်မီ ၂ ကြိမ်၊ ရွေးကောက်ပွဲအပြီး ၄ ကြိမ်၊ စုစုပေါင်း ၆ ကြိမ်၊ တရားဝင် ထုတ်ပြန်ခဲ့ပါကြောင်း၊   တပ်မတော်သတင်းစာ ရှင်းလင်းပွဲများ၌လည်း ပြည်တွင်း၊ ပြည်ပမီဒီယာ ၅၀ ကျော်ရှေ့တွင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသခဲ့ပြီးဖြစ်ပါကြောင်း။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်၏ အုတ်မြစ်ဖြစ်သော ရွေးကောက်ပွဲအား လွတ်လပ်၍      တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး၊ ရိုးသား သည့်နိုင်ငံရေးဖြစ်စေရေး ရွေးကောက်ပွဲမတိုင်မီကပင် အကြိမ်ကြိမ် ပြောကြားခဲ့ပါကြောင်း၊ “လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ” ဖြစ်ခဲ့ခြင်း ရှိ/ မရှိကို  ရွေးကောက်ပွဲကျင်းပသည့်ရက်  ၁ ရက်တည်း  ကြည့်ပြီးဆုံးဖြတ်၍ မရနိုင်ပါကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံး ရေးကာလ၊ ရွေးကောက်ပွဲရက်ကာလ၊ ရွေးကောက်ပွဲအပြီးကာလ အနည်းဆုံးကာလ ၃ ခု၌  လွတ်လပ်၍  တရားမျှတမှု ရှိ/ မရှိ၊  သံသယကင်းကင်း၊ သန့်သန့်ရှင်းရှင်း   ရှိ / မရှိ   သုံးသပ် စိစစ်ရမည်ဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့်   ရွေးကောက်ပွဲတွင် ၎င်းအချိန်ကာလ ၃ ခုလုံး၌ လွတ်လပ်မှု၊ တရားမျှတမှု၊ သန့်ရှင်းမှုများအပေါ် အငြင်းပွားဖွယ် ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း ယနေ့အထိ ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ၂၀ ပါတီမှ ကြေညာချက် ၂၆ စောင် ထုတ်ပြန်ပြီး  ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုနိုင်သည့် စာရင်းများကို ရှင်းလင်းပြီးစီးမှု မပြီးမချင်း တတိယအကြိမ် လွှတ်တော်ကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်း  ၁၀.၁၁.၂၀၂၀ ရက်နေ့မှ ၂၉.၁.၂၀၂၁   ရက်နေ့အထိ   မြို့နယ် ၉၉ မြို့နယ်၌ ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

    သဘောထားထုတ်ပြန်ကြေညာ

    တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာလျက် “လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ” ဖြစ်စေရေး ဥပဒေပြဋ္ဌာန်းချက်များကို  မကျော်လွန်စေဘဲ ၂-၁၁-၂၀၂၀ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြိုကာလ၌  ဖြစ်ပေါ်နေသည့် အခြေအနေများ၊ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တည်ဆဲဥပဒေများကို ကျော်လွန်၍ ညွှန်ကြား ချက်အမျိုးမျိုး ထုတ်နေမှုများ၊ ကြိုတင်မဲပေးချိန်၌ ကြုံတွေ့နေရသည့် ဥပဒေ နှင့်မညီညွတ်မှုများအား ပြည်ထောင်စု အစိုးရအဖွဲ့နှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အား သဘောထားထုတ်ပြန်ကြေညာခြင်း၊ ၂-၁၁-၂၀၂၀ ရက်နေ့တွင် တိုင်းရင်း သားလက်နက်ကိုင်   အဖွဲ့အစည်းအသီးသီးအား လွတ်လပ်၍တရားမျှတသော     ရွေးကောက်ပွဲဖြစ်စေရေးအတွက် ဒေသခံတိုင်းရင်းသားပြည်သူများအား ခြိမ်းခြောက်မှု မပြုစေရေးနှင့် နိုင်ငံရေးပါတီများ   မဲဆွယ်စည်းရုံး လှုပ်ရှားခွင့်ရရှိစေရေး  ဆောင်ရွက်ပေးရန်   သဘောထားထုတ်ပြန် ကြေညာခြင်း၊ ၃၀-၁၁-၂၀၂၀ ရက်နေ့ တွင် ရွေးကောက်ပွဲအငြင်းပွားမှုများ ဖြေရှင်းနိုင်ရန်နှင့် လွတ်လပ်၍ တရားမျှတသော   ရွေးကောက်ပွဲအဖြစ် အများပြည်သူ သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေး  သက်သေခံ ဥပဒေပုဒ်မ  ၇၄  နှင့်    ၇၆ တို့အရ စာရွက်စာတမ်းများ ကူးယူခွင့်တောင်းခံသည့် သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခြင်း၊ ၁၀-၁၂-၂၀၂၀ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ စာရွက်စာတမ်း   ကူးယူခွင့်များကို ခွင့်မပြုသဖြင့်   ၎င်းစာရွက်စာတမ်းများအား ကူးယူခွင့် တောင်းခံခြင်းမှာ နိုင်ငံသားတစ်ဦး၏   ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်    အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံခြင်း  ဖြစ်သည့်အတွက် ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းသည့်  သဘောထားထုတ်ပြန်ခြင်း၊ ၁၄-၁-၂၀၂၁ ရက်နေ့ တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ      လွှတ်တော်ကိုယ်စားလှယ်  ၂၀၃  ဦး    တို့က   ၁၁-၁-၂၀၂၁ ရက်နေ့၌ အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်  အထူးအစည်းအဝေးခေါ်ယူရန် တင်ပြချက်အား ငြင်းဆန်မှုအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်း ရှိ/မရှိ ပြန်လည်ဆန်းစစ်ပေးရန် သဘောထား ထုတ်ပြန်ခြင်း၊ ၂၀-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်၏ ရွေးကောက်ပွဲ အပေါ်    စိစစ်တွေ့ရှိချက်များ၊ မဲမသမာမှု ဖြစ်စေနိုင်သည့်စာရင်းများ ထုတ်ပြန်နေရခြင်းမှာ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသည့် အထွေထွေရွေးကောက်ပွဲရလဒ်ကို သံသယကင်းရှင်းစွာ   အသိအမှတ် ပြုလိုခြင်းကြောင့်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်း ပေးရန်နှင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင် မည်ဆိုလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်မည်ဖြစ်၍ တပ်မတော်နှင့် အခြားသော နိုင်ငံရေးပါတီများအနေဖြင့်     ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှု၍ ပြည်ထောင်စုလွှတ်တော်က  သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရ ကသော်လည်းကောင်း၊ ပြည်ထောင်စု  ရွေးကောက်ပွဲ  ကော်မရှင်ကသော် လည်းကောင်း နည်းလမ်းရှာ ဖြေရှင်းပေးပါရန် သဘောထားထုတ်ပြန်ခြင်း တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့်  ၎င်းထုတ်ပြန်ချက်များအား ထုတ်ပြန်ခဲ့သည့်အပြင် အစိုးရအဖွဲ့ထံ အထက်ပါကိစ္စများကို ဖြေရှင်းပေးနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအား ခေါ်ယူပေးပါရန် တင်ပြခဲ့ပါကြောင်း ပြောကြားသည်။

    ဆက်လက်   ပြောကြားရာတွင် တပ်မတော်အနေဖြင့် ကြေညာချက်များ   ထုတ်ပြန်၍   ဥပဒေလုပ်ထုံး လုပ်နည်းများအတိုင်း ရွေးကောက်ပွဲနှင့်        တိုက်ရိုက်သက်ဆိုင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  အား ဖြေရှင်းပေးရန် ပထမအဆင့် ပြောကြားခဲ့ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန် ငြင်းဆန်သည့်အခါ ပြည်ထောင်စု လွှတ်တော်မှတစ်ဆင့် ဖြေရှင်းပေးနိုင်ပါရန်  ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် အနေဖြင့် ဥပဒေနှင့်အညီ တောင်းဆိုသည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူပေးရန် ငြင်းဆန်သည့်အခါ လက်ရှိကြုံတွေ့နေရသော အခြေအနေများကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တစ်ခုခုက နည်းလမ်းရှာ     ဖြေရှင်းပေးပါရန် တောင်းဆိုခဲ့ပါကြောင်း၊ ၎င်းအဆင့်အားလုံး ငြင်းပယ်ခံရသည့်အခါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဓိကတာဝန်ရှိသော သမ္မတဦးစီးသည့်     အရပ်ဘက်၊ စစ်ဘက်အားလုံးကို ကိုယ်စားပြုသော “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီ” အစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးကြရန်  တင်ပြခဲ့ ပါကြောင်း၊ တပ်မတော်အနေဖြင့် ဤသို့ လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက် ခဲ့ပါကြောင်း။

    လိုက်နာဆောင်ရွက်

    တပ်မတော်အနေဖြင့်  ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည်     နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်စေရန်” ကိုလည်းကောင်း၊ ပုဒ်မ ၆ (ဃ)   နှင့်   ပုဒ်မ ၇ တို့အရ “စစ်မှန်၍    စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး ကိုလည်းကောင်း၊   ပုဒ်မ ၆ (စ)အရ       “ နိုင်ငံတော် ၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည် ကိုလည်းကောင်း လိုက်နာဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော မဲမသမာမှု ဖြစ်နိုင်သည့်စာရင်း ၁၀၄၈၂၁၁၆      (တစ်ဆယ်သန်း လေးသိန်းကျော်)  အား တာဝန်ရှိသူ အဆင့်ဆင့်က    ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအား ခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန်   ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀  (ဂ)နှင့်     ပုဒ်မ   ၄၁၇ ပါ “နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း”  ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

    ထို့နောက်     နိုင်ငံတော်ယာယီ သမ္မတက  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တင်ပြချက်အား သုံးသပ် ဆွေးနွေးပြီး   ဖွဲ့စည်းပုံအခြေခံဥပဒေ ( ၂၀၀၈ ခုနှစ် )   ပုဒ်မ    ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ပုဒ်မ  ၄၁၈၊  ပုဒ်မခွဲ(က)အရ  နိုင်ငံတော်၏    ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ    လွှဲအပ်တာဝန်ပေးလိုက်ကြောင်း ပြောကြားသည်။

    ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆက်လက်တင်ပြဆွေးနွေးရာတွင်    တပ်မတော်အနေဖြင့်   ဖွဲ့စည်းပုံအခြေခံ ဥပဒေ  (၂၀၀၈ ခုနှစ်) ပါ     ပြဋ္ဌာန်းချက်များအား လေးစားလိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား ယာယီသမ္မတမှ လွှဲပြောင်း    တာဝန်ပေးထားသည့် ယနေ့မှစ၍  စတင်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊    နိုင်ငံတော်တာဝန်ဆောင်ရွက်ခြင်းအား ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပါ  ပြဋ္ဌာန်းချက် များနှင့်   ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိသော  တည်ဆဲဥပဒေများအတိုင်း   လိုက်နာဆောင်ရွက်သွားမည်  ဖြစ်ပါကြောင်းနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို တရားမျှတမှုအပြည့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်၍ တရားမျှတသောအထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲ တွင်  အနိုင်ရ  နိုင်ငံရေးပါတီအား      နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးသွားမည် ဖြစ်ပါကြောင်းဖြင့်    တင်ပြဆွေးနွေး ပြောကြားခဲ့ကြောင်း     တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏  သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

    https://www.moi.gov.mm/news/11270

    No comments:

    Post a Comment