မြစ်ကြီးနားတွင် ပစ်ခတ် ၂ဦးဒဏ်ရာရ၊ သတင်းထောက် ၁ ဦး ဖမ်းခံရ
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန် ယနေ့ ရောက်လာသည့် မြစ်ကြီးနားလူထု
4.4k
By ဧရာဝတီ 28 February 2021
Want create site? Find Free WordPress Themes and plugins.
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရန် သပိတ်စစ်ကြောင်း လူစုနေသည့် နေရာကို ရဲနှင့်တပ် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်လူစုခွဲသဖြင့်၂ ဦး ကျည်ထိ ဒဏ်ရာများရထားကာ သတင်း ထောက်တဦးလည်း ဖမ်းဆီးခံလိုက်ရသည်ဟု သတင်း ရရှိသည်။
ဒဏ်ရာရရှိထားသူ အမျိုးသား၂ ဦးမှာ ရာဘာကျည် ထိမှန်ထားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကိုလည်း ခံထားရသည်။
ဖမ်းဆီးခံရသည့် သတင်းထောက်မှာThe 74 Media မှ ရုပ်သံသတင်းထောက် ကိုပေါင်လန်းတောင်ဖြစ်ပြီး ၎င်းက လူထုဖြို ခွင်းခံရသည့် မြင်ကွင်းအား အောင်နန်းဘုရားကျောင်းအတွင်းမှ ရိုက်ယူနေစဉ် ရဲတပ်ဖွဲ့က ဘုရားကျောင်းအတွင်းသို့ ဝင် လာပြီး ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ရဲနှင့်တပ် ပူးပေါင်းတပ်ဖွဲ့များက လမ်းမပေါ်တွင်သာ ဖြိုခွင်းခြင်းမဟုတ်ဘဲ လမ်းဘေးတလျှောက်ရှိ အိမ်များအတွင်း ပြေး ဝင်သွားသူများကိုလည်း လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။
မြစ်ကြီးနားမြို့တွင် ဆန္ဒပြလူထု စစ်ကြောင်းများကို ဖြိုခွင်းခံနေရသော်လည်း သောင်းနှင့်ချီသည့် လူထုက ဆက်လက် စုဝေးကာ ဆန္ဒပြနေဆဲ ဖြစ်သည်
https://burma.irrawaddy.com/news/2021/02/28/238708.html
No comments:
Post a Comment