Thursday, January 28, 2021

အရေးပေါ်အစည်းအဝေးခေါ်ပြီး နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဖို့ KNU တောင်းဆို

 အရေးပေါ်အစည်းအဝေးခေါ်ပြီး နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဖို့ KNU တောင်းဆို

စောဖိုးခွား

2021-01-29

Email storyComment on this storySharePrint story

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်

အရေးပေါ်အစည်းအဝေးခေါ်ပြီး နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဖို့ KNU တောင်းဆို

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး။

 Photo: AFP

လတ်တလော မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို အမြန်ဆုံးခေါ်ယူပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီကနေ့ညပိုင်းမှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။


ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သွားနေတဲ့ ကာလမှာ အနုတ်လက္ခဏာဆောင်တဲ့ ပြဿနာဖြေရှင်းနည်းတွေကို ရှောင်ကြဖို့၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှုကြဖို့ KNU ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။


တပ်မတော်နဲ့ လက်ရှိအာဏာရ NLD အစိုးရတို့အကြား မပြေမလည်ဖြစ်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားဖွယ်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး KNU က အခုလို ထုတ်ပြန်လိုက်တာပါ။


သက်ဆိုင်ရာ အစုအဖွဲ့တွေ ပါဝင်တဲ့ မျက်နှာစုံညီ အရေးပေါ်အစည်းအဝေးလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် ဘယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။


နိုင်ငံရေးအကြပ်အတည်းတွေ ဖြေရှင်းဖို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမယ့် ဘာတွေ ဆွေးနွေးကြတယ်ဆိုတာ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုတာမရှိသေးသလို၊ နှစ်ဖက်ကြားမှာ ဆွေးနွေးမှု မပြေလည်ဘူး ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။


ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ကိစ္စတွေကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း တပ်မတော်ဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပြီးနောက် တပ်မတော်က အာဏာသိမ်းတာ ထပ်ဖြစ်လာနိုင်မလားဆိုပြီး လူထုအကြားမှာ စိုးရိမ်နေပါတယ်။


ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲဖို့ ဒါမှမဟုတ် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြန့်ကြာစေဖို့ ရည်ရွယ်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ သံရုံးတွေအပါအဝင် ဥရောပသမဂ္ဂ သံရုံးနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။


https://www.rfa.org/burmese/news/knu-statement-on-current-political-situation-01292021112122.html

No comments:

Post a Comment