Thursday, January 28, 2021

ရွေးကောက်ပွဲရလဒ်ကို လေးစားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တိုက်တွန်း

 ရွေးကောက်ပွဲရလဒ်ကို လေးစားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တိုက်တွန်း


Published By DVB | 29 January, 2021

2.9K

  

0 Share

0 Comment

0 Likes

မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးအနေနဲ့ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို  လေးစား လိုက်နာကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က တိုက်တွန်းပြောကြား လိုက်ပါတယ်။


မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာမသိမ်းဘူးလို့ မပြောနိုင်တဲ့ အကြောင်း အတိအလင်း ပြောဆိုခဲ့ပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား  ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၈ ရက်က  ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 


မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ် အနေနဲ့ အလွန်အမင်း စိုးရိမ်တဲ့ အကြောင်းလည်း ပြောပါတယ်။ 


သက်ဆိုင်သူအားလုံးအနေနဲ့ ဘယ်လို လှုံ့ဆော်ရန်စ၊ ခေါင်းဆောင်မှုပြသတာမျိုးကိုမျှ မလုပ်ကြဖို့၊ ဒီမိုကရေစီစံနှုန်းတွေကိုလိုက်နာကြဖို့နဲ့  နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့လည်း   အတွင်းရေးမှူးချုပ်က ပြောပါတယ်။


ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို တရားဥပဒေ ယန္တရားတွေကနေ တဆင့် ဖြေရှင်းဖို့ လည်းတိုက်တွန်းပါတယ်။


မြန်မာအစိုးရဆောင်ရွက်နေတဲ့  ငြိမ်းချမ်းရေး၊ အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်း စာနာမှု ဆောင်ရွက်ချက်တွေ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်တွေကိုလည်း  ကုလသမဂ္ဂအနေနဲ့ ထောက်ခံအားပေးကြောင်း ထပ်လောင်းအတည်ပြုတယ်လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 


http://burmese.dvb.no/archives/437545

No comments:

Post a Comment