Friday, January 29, 2021

တပ်ချုပ်ပြောစကားအပေါ် မီဒီယာများဘက်က လိုရာဆွဲသုံးတယ်လို့စွပ်စွဲကာ တပ်မတော်ဘက်က သဘောထားထုတ်ပြန်

 

တပ်ချုပ်ပြောစကားအပေါ် မီဒီယာများဘက်က လိုရာဆွဲသုံးတယ်လို့စွပ်စွဲကာ တပ်မတော်ဘက်က သဘောထားထုတ်ပြန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြားခဲ့တဲ့စကားများနဲ့ပတ်သက်ပြီး အချို့သောအဖွဲ့အစည်းများနဲ့ မီဒီယာများက တပ်မ တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို ဖျက်သိမ်းလိမ့်မယ်လို့ လိုရာဆွဲပြောဆိုခြင်း၊ ရေးသားခြင်းတွေ ပြုလုပ်နေ တယ်လို့စွပ်စွဲချက်ပါဝင်တဲ့ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ဒီကနေ့မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဘက် က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းဖြစ်တဲ့ ဇန်နဝါရီ ၂၇ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိတွေကို Video Conferencing နဲ့ တွေ့ဆုံရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အခုလိုပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစားလိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်။ စောစောကပြောတဲ့ ဥပဒေကို မလေး စားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီ ဥပဒေ ကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်”လို့ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး ပြည်သူလူထုအတွင်း ဝေဖန်မှုများမြင့်တက်လာချိန်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဘက်က အခုလို သဘောထားထုတ်ပြန်ချက်ကို ပြန်လည်ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာတော့ “အဆိုပါပြောကြားချက်များအပေါ်မူတည်၍ အချို့သောအဖွဲ့အစည်းများနှင့် သတင်းမီဒီယာ များက တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို ဖျက်သိမ်းလိမ့်မည်ဟု လိုရာဆွဲပြောဆိုခြင်း၊ ရေးသား ခြင်းများ ပြုလုပ်နေကြသည်ကိုတွေ့ရှိနေရသည်”လို့ ထည့်သွင်းဖော်ပြထားပြီး “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြား ချက်မှာ သင်တန်းသားအရာရှိကြီးများအား အခြေခံဥပဒေ၏ သဘောသဘာဝကို နားလည်သဘောပေါက်စေရန် ဆွေးနွေးခဲ့ ခြင်းဖြစ်သည်”လို့လည်း ဖော်ပြထားပါတယ်။

ဒီလိုမီဒီယာများအပေါ်စွပ်စွဲထားချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး(၁) ဖြစ်တဲ့ ဦးမြင့်ကျော်ထံ ဆက်သွယ်မေးမြန်းရာ “ဒီလိုပြောဆိုချက်တွေက ဘာရည်ရွယ်ချက်နဲ့ပြောလဲတော့မသိဘူး။ သို့သော် လူတွေရဲ့ နားလည်မှုမှာ အဲဒီအဓိပ္ပာယ်မျိုးသက်ရောက်စေတာပေါ့။ မီဒီယာအားလုံးရဲ့ရေးသားမှုကို ခြုံကြည့်ရင်တော့ မီဒီယာကအများ ကြီးချဲ့ရေးတာ မဟုတ်ဘူး။ ဒီလိုပြောဆိုမှု၊ သတင်းထုတ်ပြန်မှုမျိုးတွေ၊ ဒီလိုနောက်တွေမှာဆက်ပြီး Follow Up မေးမြန်းခွင့်ရှိ တာ မဟုတ်ဘူးလေ။ မီဒီယာကလိုရာဆွဲတွေးတယ်လို့ အားလုံးခြုံပြောရရင် ဒါမီဒီယာကြောင့်တော့မဟုတ်ဘူး။ ဒီလိုပြောဆိုပြီး တဲ့အခါ မီဒီယာက မေးမြန်းခွင့်လိုမျိုးနဲ့ ရှင်းပြ၊ ရှင်းလင်း၊ Confrim လုပ်တဲ့ဟာမျိုး၊ ဘယ်လိုရည်ရွယ်ချက်ဆိုတာကို ရှင်းလင်း မှုတွေ မြန်မာနိုင်ငံမှာ မရှိဘူးလေ။ ဒါမျိုးတွေက အထင်လွဲမှားမှုတွေဖြစ်စေတယ်ဆိုတာ သတိပြုသင့်တယ်လို့ ထင်တယ်” လို့ ဆိုပါတယ်။

ဒီလိုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိတွေနဲ့ သင်တန်းသား အရာရှိ တွေကို Video Conferencing နဲ့ အမှာစကားပြောကြားရာမှာ နိုင်ငံရေးအမြင်၊ စီးပွါးရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ ကာကွယ် ရေးအမြင်နဲ့ ဥပဒေကိုလေးစားလိုက်နာဖို့လိုအပ်တဲ့အခြေအနေများ စတဲ့ခေါင်းစဉ်ခွဲများနဲ့ ပြောကြားခဲ့သလို တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း “မလိုက်နာဘူး ဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်”ဆို တဲ့ပြောကြားချက်ပါတဲ့ ဥပဒေဆိုင်ရာပြောကြားချက်၊ စီးပွားရေးအမြင် ဆိုင်ရာပြောကြားချက်၊ အုပ်ချုပ်ရေးအမြင်ဆိုင်ရာ ပြောကြားချက်၊ ကာကွယ်ရေးအမြင်ဆိုင်ရာပြောကြားချက်တို့ကို စာဖိုင်၊ ဗီဒီယိုဖိုင်တို့အဖြစ် သီးခြားခွဲထုတ် တင်ဆက်ခဲ့ တာကို လည်း တွေ့ရပါတယ်။

http://sdtimedaily.com/2021/01/30/yyk008-19/

No comments:

Post a Comment