ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအတွင်း RCSS နဲ့ TNLA တို့အကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၆ဝဝကျော်ထွက်ပြေးတိမ်းရှောင်
ကျောက်မဲ | မားနဂါး။
ကျောက်မဲမြို့နယ်မှာ RCSS နဲ့ TNLA ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံပြည်သူ လူဦးရေ ၆ဝဝကျော် ကျောက်မဲမြို့ ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ တိုက်ပွဲရှောင်ပြည်သူတွေကို သွားရောက်ကူညီပေးနေတဲ့ အိုမ်တမာဝ် လူမှုကူညီရေးအသင်း မိုင်းအဘမ်းက မားနဂါးသတင်းဌာနကို ပြောပါတယ်။
ဒီနေ့ဒီဇင်ဘာလ ၂၈ရက် ညနေ ၂နာရီမှစပြီးပန်လော့ကျေးရွာအနီး တိုက်ပွဲပြန်လည်ဖြစ်ပွားပြီး ကျောက်မဲပရဟိတ အသင်းနဲ့ သီပေါပရဟိတအသင်းအပါအဝင် ကားအစီး ၂ဝကျော်ဖြင့် ညမိုးချုပ်ထိတနေကုန် တိုက်ပွဲရှောင်ပြည်သူ တွေကို သွားရောက်ကူညီခဲ့ပြီး လက်ရှိချိန်မှာလည်း တိုက်ပွဲရှောင်ပြည်သူတချို့လည်း လမ်းမှာ ပိတ်မိတာတွေ ရှိသေးတယ်လို့သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်လာကြတဲ့ လွယ်အံ၊ ကောင်းခါး၊ ပန်လော့၊ ဟိုငင်း၊ ပန်မခံကျေးရွာမှ ပြည်သူတွေဖြစ်ကြပြီး ကျောက်မဲမြို့ ပိန္နဲကုန်းကျေးရွာဝါဆိုကျောင်း၊ စာသင်ကျောင်းနဲ့ဓမ္မရုံတွေမှာ လူဦးရေ ၆၀၆ဦးလာရောက်တိမ်း ရှောင်ကြတယ်လို့ သိရပါတယ်။
မနက်ကနေ ညမိုးချုပ်ထိ တိုက်ပွဲရှောင်တွေကို သွားရောက်ကူညီသယ်ဆောင်ပေးနေတဲ့ အိုမ်တမာဝ်လူမှုကူညီရေး အသင်းမှ မိုင်းအဘမ်းက
"ဒီညနေ ၂နာရီအချိန်မှာလည်း တိုက်ပွဲထပ်မံဖြစ်ပွားတယ်။ ခုထိတိုက်ပွဲဖြစ်နေတယ်။ပရဟိတကားတွေကတော့ ချောင်းအောက်ရောက်နိုင်တဲ့ပရဟိတကားတွေကတော့ ချောင်းထိလာတယ်။ မရောက်နိုင်တဲ့ဟာတွေကတော့ မိုင်းတင်းကျောင်းကနေပဲ ပြန်ခေါ်ပြီး မြို့ကိုပြန်ခေါ်လာတယ်။ ဒီညတောင်မှ နောက်ထပ် ၂ရယောက်ပိတ် မိနေတယ်။ သူတို့က လွယ်အံထိရောက်နေတယ်။ ကျနော်တို့လည်း လွယ်အံထိကားကမတက်နိုင်ဘူး။ စစ်မြေပြင် အခြေအနေလည်းသိပ်မကောင်းတော့ ကျနော်တို့သွားဖို့လည်းအဆင် မပြေဘူး။"လို့ မားနဂါးသတင်းဌာနကို ပြောပါတယ်။
လောလောဆယ်တိုက်ပွဲရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးအပိုင်းမှာတော့ ကျောက်မဲစစ်ရှောင်ကော်မတီတွေ ကနေ ဆန်၊ဆီ၊ဆားတွေလာရောက်ကူညီပေးပြီး ချက်ပြုတ်ရေးပိုင်းမှာတော့ အိုမ်တမာဝ်လူမှုကူညီရေးအသင်းနဲ့ ပိန္နဲကုန်ကျေးရွာဘုန်းကြီးကျောင်းချက်ပြုတ်ရေးအဖွဲ့တွေက တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ သူကဆက် ပြောခဲ့ပါတယ်။
ကောင်းခါးကျေးရွာဒေသခံအမျိုးသားတစ်ဦးက
"မနေ့ကခနလေးတိုက်ပွဲဖြစ်ပွားခဲ့တယ်။မနေ့ညစပြီး ကျောက်မဲကိုသွားကြတယ်။ ဒီနေ့ထပ်သွားသေးတယ်။ ပန်လော့ကတော့ တစ်ရွာလုံးထင်တယ်။ ပန်မခံဘက်တိုက်ပွဲက ရွာနဲ့နီးတော့ သူတို့စိုးရိမ်တယ်။ စိုးရိမ်ပြီး ရှောင်ကြတယ်။ ကောင်းခါးမှာကတော့ ကလေးအမေနဲ့ကလေးတွေတော့ရှောင်ကြတယ်။ ပန်လော့ရွာကတော့ ရွာလုံးကျွတ်၊ ပန်မခံရွာလည်းတချို့ရှောင်တယ်။ မနေ့ကတည်းက တိုက်ပွဲဖြစ်တော့ ကြောက်ပြီး မရှောင်ရဲဘူး။ ဒီနေ့မှ သူတို့ထွက်ရှောင်ကြတယ်။ ရွာလမ်းကကြမ်းတော့ သူတို့ခြေလျင်နဲ့ဆင်းသွားကြတယ်။ လူမှုကူညီရေး အသင်းကနေ သူတို့ကို လမ်းတဝက်လာကြိုတယ်။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
ကျောက်မဲမြို့နယ်မှာ လွယ်အံကျေးရွာအုပ်စုအတွင်း ဒီဇင်ဘာလ၂၅ရက်နေ့မှစပြီး ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS/SSA)နဲ့ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်တော်(TNLA)တို့ တိုက်ပွဲဖြစ်ပွားပြီး မနေ့ ဒီဇင်ဘာလ ၂ရရက်ညနေမှစတင်ပြီး ဒေသခံပြည်သူတွေ ကျောက်မဲမြို့ကို ထွက်ပြေးတိမ်ရှောင်လာကြပြီး ပရဟိတလူမှုကူညီရေးအသင်းကားတွေနဲ့ သွားရောက်ကူညီခေါ်ဆောင်ပြီး ကျောက်မဲမြို့ပေါ်သို့ ပို့ဆောင်ပေး ခဲ့တယ်လို့ သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4131234290239098?__cft__[0]=AZVKWBXSJHBg8PBdrY7vQ0kMtrCFd1qnuWLJ0ahu-0m83VMJUQPp76lhb7UWZozuw404w1YuNqvJPkxdeV2BGy7Z_9r6dntNj3Xvbj8rYqHFlC2OgazNQjosuaAognZOQ4f_KhNrPcfYtTUHp6VDo8Sw&__tn__=%2CO%2CP-R
No comments:
Post a Comment