ကရင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲတွေကို NLD အစိုးရ တာဝန်ယူဖို့ ကရင်လူငယ်တွေ တိုက်တွန်း
2020-12-30
Email storyComment on this storySharePrint story
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်
ကရင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲတွေကို NLD အစိုးရ တာဝန်ယူဖို့ ကရင်လူငယ်တွေ တိုက်တွန်း
ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်မှာ ၂ဝ၁၆ ခုနှစ်က ကျင်းပတဲ့ (၆၇)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ KNLA တပ်သားတွေကို တွေ့ရစဉ်
Photo: RFA
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း တစ်ကျော့ပြန်ဖြစ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တို့ကြားက တိုက်ပွဲတွေကို လက်ရှိအာဏာရ NLD အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ ကရင်လူငယ်ကွန်ရက် (Karen Youth Network) က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
ပြည်တွင်းစစ် ပြန်ပြီး ကြီးထွားလာမှာကို မလိုလားသလို ကရင်ပြည်နယ်တွင်းမှာ မြန်မာတပ်မတော်ရဲ့ စစ်အင်အားတိုးချဲ့နေမှုတွေကို ရန်တန့်စေဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ဒီလို စစ်အင်အားတိုးချဲ့မှုတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နောက်ကြောင်းပြန်လှည့် သွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
အခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းကစပြီး ဖာပွန်ခရိုင်ထဲမှာ မြန်မာတပ်မတော်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တို့ကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။
KNU တပ်မဟာ (၅) ဖာပွန်ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးအဲဒိုကတော့ တပ်မတော်က နယ်မြေ ကျူးလွန်လာတာကြောင့် ဒီလိုတိုက်ပွဲတွေပြန်ဖြစ်နေတာလို့ RFA ကိုပြောထားပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သဘာဝ သယံဇာတတွေနဲ့ ပတ်သက်ပြီး တရားမဝင်လုပ်ငန်းတွေ ရှိနေတာကြောင့် တပ်မတော် အဲ့ဒီဒေသမှာ စခန်းချ နေရာယူ ထားတာကို KNU ဘက်ကပစ်ခတ်နေတာလို့ တုံ့ပြန်ထားတာပါ။
တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ KNU တို့ဟာ ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ် ရေးထိုးထားခဲ့တာ ဖြစ်ပါတယ်။
ကရင်လူငယ်ကွန်ရက် (KYN) ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကရင်ပြည်သူတွေ လိုလားတောင်းတနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားတန်းတူရေး စတာတွေကို လက်ရှိအာဏာရ NLD အစိုးရအနေနဲ့ ဖော်ဆောင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
https://www.rfa.org/burmese/news/knu-army-fighting-12302020081604.html
No comments:
Post a Comment