ရေသ့ေတာင္ၿမိဳ႕နယ္တြင္ ကၽြဲပိုင္ပိုင္ရွင္ကိုႀကိဳးႏွင့္ခ်ည္ၿပီး ကၽြဲမ်ားကိုစက္ေလွျဖင့္ လုယူသြားသည့္ ျဖစ္စဥ္ျဖစ္ပြား
ခိုင္လူလွ (ရိုးမေျမ)
နိရဥၥရာ၊ ဒီဇင္ဘာ ၂၂/၂ဝ၂ဝ
ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမယုကမ္း၊ ခေမာင္းတုန္းေက်းရြာ၊ လယ္သမားတစ္ဦးထံမွ ကၽြဲမ်ားကို လုယက္ယူေဆာင္သြားသည့္ ျဖစ္စဥ္ တစ္ခု ယမန္ေန႔ ညဥ့္ ၁ဝ နာရီေက်ာ္က ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
လူေပါင္း ၁ဝ ေက်ာ္ပါဝင္ေသာ ကၽြဲႏြားခိုးေနသည့္ ဒုစရိုက္သမားအုပ္စု တစ္စုသည္ စက္ေလွတစ္စီးျဖင့္ ညဥ့္ ၁ဝ နာရီေက်ာ္အခ်ိန္တြင္ ခေမာင္းတုန္းေက်းရြာအနီးသို႔ ဝင္ေရာက္လာၿပီး ပိုင္ရွင္ျဖစ္သူကို ႀကိဳးျဖင့္ ခ်ည္ေႏွာင္ကာ ကၽြဲခုႏွစ္ေကာင္ကို စက္ေလွႏွင့္ အတူ လုယက္ ယူေဆာင္သြားခဲ့သည္ဟု ကာယကံရွင္ ပိုင္ရွင္ျဖစ္သူ ဦးေမာင္ေစာသန္းက နိရဥၥရာသို႔ ေျပာၾကားသည္။
“ လူေပါင္း ၁ဝ ေက်ာ္လာက္ပါပါတယ္။ အကုန္လုံး ဘဂၤလီ (--) ေတြပါ။ ဓါးရွည္ေတြကို ကိုင္ထားပါတယ္။ ကၽြန္ေတာ္ကို ႀကိဳးတုတ္ၿပီး လည္ပင္းကို ဓါးတင္ၿပီး ေမွာက္ခိုင္းထားပါတယ္။ သူတို႔က ေက်ာက္ေတာ္က လာတာလို႔ ေျပာပါတယ္။ ကၽြဲခုႏွစ္ေကာင္ ပါသြားပါတယ္။ အမ ၆ ေကာင္နဲ႔ နို႔စို႔အရြယ္ အထီး တစ္ေကာင္ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။
ကၽြဲမ်ားကို စက္ေလွေပၚတင္ယူေဆာင္သြားၿပီးေနာက္ ၎အားႀကိဳးတုတ္ကာ တဲထဲတြင္ ထားခဲ့သည္ဟု ဆိုသည္။
“ ကၽြန္ေတာ္တဲက ရြာရဲ့ အေရွ႕ဘက္မွာ ရွိပါတယ္။ ရြာနဲ႔ သိပ္မေဝးဘူး။ ကၽြဲေပါက္ တစ္ေကာင္ဘဲ က်န္ပါတယ္။ ပါသြားတဲ့ ကၽြဲခုႏွစ္ေကာင္ရဲ့ တန္ဖိုးက က်ပ္သိန္း ၅ဝ ဖိုးေလာက္ရွိပါတယ္။ ေတာ္ေတာ့ကို နစ္နာမႈရွိပါတယ္” ဟု ၎က ေျပာၾကားသည္။
အဆိုပါကိစၥႏွင့္ ပတ္သက္ၿပီး ရေသ့ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးသို႔ ဖုန္း ႏွစ္ႀကိမ္ဆက္သြယ္ရာ တစ္ႀကိမ္မွ ဖုန္းလက္ခံ ေျဖဆိုျခင္း မရွိပါ။
ကၽြဲႏြားခိုးသည့္ ဒုစရိုက္ဂိုဏ္းမ်ားသည္ ရခိုင္ျပည္နယ္မွ ျမစ္ေခ်ာင္းႏွင့္ နီးကပ္စြာတည္ရွိသည့္ ေက်းရြာမ်ားမွ ကၽြဲႏြားမ်ားကို ညဥ့္အခ်ိန္စက္ေလွမ်ားျဖင့္ တိတ္တဆိတ္ဝင္ေရာက္ခိုးယူကာ တစ္ဖက္ ဘဂၤလာေဒ့ရွ္နိုင္ငံ ေမွာင္ခိုေစ်းကြက္မ်ားျဖစ္ၾကသည့္ ဆင္မျဖဴကၽြန္းႏွင့္ တက္ကနက္ၿမိဳ႕မ်ားသို႔ တင္ပို႔ၾကသည္ဟု သိရွိရသည္။
-----------------------------------
Unicode -
ရသေ့တောင်မြို့နယ်တွင် ကျွဲပိုင်ပိုင်ရှင်ကိုကြိုးနှင့်ချည်ပြီး ကျွဲများကိုစက်လှေဖြင့် လုယူသွားသည့် ဖြစ်စဉ်ဖြစ်ပွား
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၂/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုကမ်း၊ ခမောင်းတုန်းကျေးရွာ၊ လယ်သမားတစ်ဦးထံမှ ကျွဲများကို လုယက်ယူဆောင်သွားသည့် ဖြစ်စဉ် တစ်ခု ယမန်နေ့ ညဉ့် ၁ဝ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
လူပေါင်း ၁ဝ ကျော်ပါဝင်သော ကျွဲနွားခိုးနေသည့် ဒုစရိုက်သမားအုပ်စု တစ်စုသည် စက်လှေတစ်စီးဖြင့် ညဉ့် ၁ဝ နာရီကျော်အချိန်တွင် ခမောင်းတုန်းကျေးရွာအနီးသို့ ဝင်ရောက်လာပြီး ပိုင်ရှင်ဖြစ်သူကို ကြိုးဖြင့် ချည်နှောင်ကာ ကျွဲခုနှစ်ကောင်ကို စက်လှေနှင့် အတူ လုယက် ယူဆောင်သွားခဲ့သည်ဟု ကာယကံရှင် ပိုင်ရှင်ဖြစ်သူ ဦးမောင်စောသန်းက နိရဥ္စရာသို့ ပြောကြားသည်။
“ လူပေါင်း ၁ဝ ကျော်လာက်ပါပါတယ်။ အကုန်လုံး ဘင်္ဂလီ (--) တွေပါ။ ဓါးရှည်တွေကို ကိုင်ထားပါတယ်။ ကျွန်တော်ကို ကြိုးတုတ်ပြီး လည်ပင်းကို ဓါးတင်ပြီး မှောက်ခိုင်းထားပါတယ်။ သူတို့က ကျောက်တော်က လာတာလို့ ပြောပါတယ်။ ကျွဲခုနှစ်ကောင် ပါသွားပါတယ်။ အမ ၆ ကောင်နဲ့ နို့စို့အရွယ် အထီး တစ်ကောင် ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ကျွဲများကို စက်လှေပေါ်တင်ယူဆောင်သွားပြီးနောက် ၎င်းအားကြိုးတုတ်ကာ တဲထဲတွင် ထားခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်တဲက ရွာရဲ့ အရှေ့ဘက်မှာ ရှိပါတယ်။ ရွာနဲ့ သိပ်မဝေးဘူး။ ကျွဲပေါက် တစ်ကောင်ဘဲ ကျန်ပါတယ်။ ပါသွားတဲ့ ကျွဲခုနှစ်ကောင်ရဲ့ တန်ဖိုးက ကျပ်သိန်း ၅ဝ ဖိုးလောက်ရှိပါတယ်။ တော်တော့ကို နစ်နာမှုရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဖုန်း နှစ်ကြိမ်ဆက်သွယ်ရာ တစ်ကြိမ်မှ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။
ကျွဲနွားခိုးသည့် ဒုစရိုက်ဂိုဏ်းများသည် ရခိုင်ပြည်နယ်မှ မြစ်ချောင်းနှင့် နီးကပ်စွာတည်ရှိသည့် ကျေးရွာများမှ ကျွဲနွားများကို ညဉ့်အချိန်စက်လှေများဖြင့် တိတ်တဆိတ်ဝင်ရောက်ခိုးယူကာ တစ်ဖက် ဘင်္ဂလာဒေ့ရှ်နိုင်ငံ မှောင်ခိုစျေးကွက်များဖြစ်ကြသည့် ဆင်မဖြူကျွန်းနှင့် တက်ကနက်မြို့များသို့ တင်ပို့ကြသည်ဟု သိရှိရသည်။
https://burmese.narinjara.com/.../5fe166803f8935047dbb7947
https://www.facebook.com/narinjara.info/posts/3895351560476892
No comments:
Post a Comment