မိုင်းနင်းမိတဲ့မြို့သစ်ကျေးရွာသားနှစ်ဦး ကျောက်မဲဆေးရုံသို့ ဆေးကုသခံယူပြီး အလှူရှင်လိုအပ်
ကျောက်မဲ | မားနဂါး ။
ဒီဇင်ဘာလ ၂၇ရက် ည ၆နာရီအချိန်မှာ လမ်းလုံကျေးရွာကနေ ပြန်လာတဲ့ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသား နှစ်ဦးနဲ့ လမ်းလုံကျေးရွာသားတစ်ဦးတို့ဟာ ဆိုင်ကယ်နဲ့ပြန်လာစဉ် လမ်းလုံကျေးရွာနဲ့မြို့သစ်ကျေးရွာကြား ကြိုးမိုင်းထိမိပြီး မြို့သစ်ကျေးရွာသားနှစ်ဦးဟာ ဒဏ်ရာပြင်းထန်စွာရရှိတဲ့အတွက်ကြောင့် ကျောက်မဲဆေးရုံသို့ ဆေးကုသခံယူပြီး ခွဲစိတ်ရမှာဖြစ်တဲ့အတွက်ကြောင့် ငွေကြေးအခက်အခဲရှိတယ်လို့ လူနာကိုစောင့်ပေးနေတဲ့ ကိုနေလင်းက ဒီကနေ့ ဒီဇင်ဘာလ ၂၉ရက်နေ့မှာ မားနဂါးသတင်းဌာန ကိုပြောပါတယ်။
ဆိုင်ကယ်ဖြင့် မိုင်းထိမိပြီး ခြေသလုံး၊ ပေါင်း၊ လက်၊ နံရိုး၊ နောက်ကျော ၊ ပေါင်တွေမှာ ဒဏ်ရာအသီးသီးရရှိကြပြီး လမ်းလုံကျေးရွာသားတစ်ဦးကဒဏ်ရာအခြေအနေမစိုးရိမ်ရတဲ့အတွက် ကျေးရွာဆေးခန်းမှာသာပြသပြီး မြို့သစ် ကျေးရွာက မျိုးဇော်ဦးနဲ့ နေအောင်တို့ နှစ်ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် မနေ့ညနေ၂နာရီအချိန်မှာ ကျောက်မဲ ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မိုင်းထိမိတဲ့ကျေးရွာသားနှစ်ဦးဆေးကုသဖို့ ငွေကြေးလိုအပ်နေကြောင်းကို လူနာစောင့်ဖြစ်တဲ့ ကိုထွန်းလင်းက
"လမ်းလုံကျေးရွာနဲ့မြို့သစ်ကျေးရွာလမ်းကြားမှာ ကြိုမိုင်းနဲ့ဆိုင်ကယ်ချိတ်မိတာ။ ညဆိုသူတို့မမြင်ရဘူး။ သူတို့အလုပ်ကနေပြန်လာတာနောက်ကျတယ်။ သူတို့ဘာသာသူတို့ရုန်းပြီး လက်ဖက်ခြံအိမ်ထိပြန်လာတာ သူတို့ကိုပြန်သွားကြိုပြီး ဆေးခန်းကိုပို့ပေးလိုက်တယ်။ဆေးကုသဖို့ ငွေကြေးပိုင်း အကူအညီလိုအပ်တယ်။ ကျနော်တို့လည်း အဆင်မပြေဘူး။ အလုပ်လုပ်စားရင်းနဲ့ အဲလိုဖြစ်သွားတာ၊ ပိုက်ဆံလည်းမရှိဘူး။ လောလော ဆယ် သူတို့အိမ်ကလည်း ပိုက်ဆံတစ်ကျပ်မှမရှိကြဘူး။ ကျနော်ပဲ သူတို့သုံးဖို့ စိုက်ပေးနေရတယ်။"လို့ မားနဂါး သတင်းဌာနကိုပြောပါတယ်။
မျိုးဇော်ဦးဟာ ပေါင်ကိုခွဲစိတ်ရတဲ့အတွက်ဆေးရုံမှာ ရက် ၂၀ တစ်လလောက် ကြာမှာဖြစ်တဲ့အတွက်ကြောင့် ဆက်လက်ဆေးကုသဖို့အတွက် အလှူရှင်လိုအပ်ကြောင်း သူကဆက်လက်ပြောခဲ့ပါတယ်။
မိုင်းနင်းမိတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့သစ်ကျေးရွာ ဆရာတော် ဦးပညာဇာရက
"သူတို့လမ်းလုံကနေ မြို့သစ်အပြန်မှာ ဆိုင်ကယ်နဲ့ ဆိုင်ကယ်ကတော့စီးလို့မရတော့ဘူး။ မိုင်းနင်းမိပြီးတော့ ဒီတိုင်ပဲမြေကြီးပေါ်မှာ လေးဘက်ထောက်ပြီးပြန်လာကြတာ အိမ်တစ်အိမ်ကိုရောက်တဲ့အချိန်မှာ အဲလူတွေကို အကူအညီတောင်းပြီးမှ ဆယ်အိမ်မှူးကိုသွားခေါ်တယ်။ ဆယ်အိမ်မှူးကနေမှ သူတို့ကို သွားကြိုလိုက်တယ်။"လို့ မားနဂါးသတင်းဌာနကိုမိန့်ကြားခဲ့ပါတယ်။
မြို့သစ်ကျေးရွာသားနစ်ဦးက ထင်းခုတ်ပြီး ရွာအပြန်ည လမ်းလုံရွာသားနဲ့လမ်းမှာတွေ့ပြီး ၃ဦးဟာ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မြို့သစ်ကျေးရွာနဲ့လမ်းလုံကျေးရွာကြားလမ်းမှာ ကြိုးမိုင်းကိုထိမိပြီး ဒဏ်ရာအသီး သီးရရှိကာ ကျေးရွာနဲ့လည်းအလှမ်းဝေးပြီး ဖုန်းလိုင်းလည်းမရတဲ့အတွက် သုံးယောက်သား ရုန်းကန်ပြီး မြို့သစ်ကျေးရွာ ထိပြန်လာကြတယ်လို့သိရပါတယ်။
လူနာအတွက် ထောက်ပံ့ငွေလှူဒါန်းလိုပါက လူနာစောင့်ဖြစ်သူ ကိုထွန်းလင်း ဖုန်း ၀9-988 365 709 ကိုအသေးစိတ်ဆက်သွယ်ပြီး မေးမြန်းလှူဒါန်းနိုင်ပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4132803583415502?__cft__[0]=AZXl5O39tvh5zq1sjiY0NCZOrU9guvR3Deirf2_5_jdbA_a_O0GIm8Vo3a49CG4WwiiDmNV9ierFCk_PMxJPrcmlhMWgTIznpZFjbNSQ3Kv_l7j8gafpJE51ZPPSjvjeQ2zS0H1AzS5RMrFUm9RtZbCb&__tn__=%2CO%2CP-R
No comments:
Post a Comment