Wednesday, December 2, 2020

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးနည်းလမ်းအရသာ ကောင်းမွန်သင့်တော် ငြိမ်းချမ်းရေးရရှိအောင် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

 

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးနည်းလမ်းအရသာ ကောင်းမွန်သင့်တော် ငြိမ်းချမ်းရေးရရှိအောင် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် Kachin Baptist Convention) (KBC)အဖွဲ့မှ တာဝန်ရှိသူများအား ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မလိခရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော် အရာရှိကြီးများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်တို့ တက်ရောက်ကြပြီး ကချင် နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC)အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်၊ တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာဇယ်ခေါင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်တိုးတက်ပြီး တည်ငြိမ်အေးချမ်းရန် အတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန်လိုကြောင်း၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက် ကြရန် တာဝန်ကိုယ်စီရှိကြောင်း၊ မိမိတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်း ရှူနေ ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ မြန်မာနိုင်ငံတွင်နေထိုင်ကြသည့် ပြည်သူလူထုများဖြစ်ကြ သည့်အတွက် ငြိမ်းချမ်းရေးစိန်ခေါ်မှုနှင့် လက်ရှိ တစ်ကမ္ဘာလုံးရင်ဆိုင်နေရသည့် COVID-19 ကပ်ရောဂါ စိန်ခေါ်မှုများကို ညီညွတ်သည့်အင်အားဖြင့် တွန်းလှန်ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်၍ အခွင့်အရေး တောင်းဆိုခြင်းထက် နိုင်ငံရေးနည်းလမ်းအရ ဥပဒေနှင့် ဆောင်ရွက်ခြင်းသည်သာ ကောင်းမွန်သင့်တော်မည်ဖြစ်ကြောင်း၊ ကချင် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လက်နက် ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း။

တပ်မတော်အနေဖြင့် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန် ချက်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ရပ်စဲပေးထားကြောင်း၊ ထိုကဲ့သို့ နှစ်နှစ်ခန့် ကာလအထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားခြင်းမျိုး မည်သည့်နိုင်ငံတွင်မျှ မရှိခဲ့ကြောင်း၊ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်လျှောက်လှမ်းနေချိန်တွင် ငြိမ်းချမ်းမှု မရှိလျှင် မဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိအောင် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ EAO များ၏ တည်ရှိမှု၊ အသိအမှတ်ပြုထားသည့် နေရာမှန် သမျှကို တပ်မတော်အနေဖြင့် လက်ဦးမှုရယူတိုက်ခိုက်သွားမည်မဟုတ်ကြောင်း၊ တိုင်းပြည်နှင့် ဒေသတည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် အဖွဲ့ဝင်များက တပ်မတော်၏ နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို လေးစား ပါကြောင်း၊ ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ အပစ်အခတ် ရပ်စဲ၍ ဖော်ဆောင်ကြိုးပမ်းနေမှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာဒုက္ခ သည်များကို ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည် အခြေချနေထိုင်နိုင်ရေး တပ်မတော်မှ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် တိုင်းရင်းသားပြည်သူအားလုံး အတူတကွ စည်းလုံးညီညွတ်စွာဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် IDP စခန်းများတွင် နေထိုင်သူများ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယခုနှစ် မတ်လတွင် အိမ် ထောင်စု ၆၄၃ စု၊ လူဦးရေ ၃၅၇၃ ဦးကို ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်မှ ဆက်လက် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ကချင်မျိုးနွယ်စု ခြောက်စု ရှိသည့်အနက် ဇိုင်ဝါးမျိုးနွယ်စု၏ အထိမ်းအမှတ် လွယ်အိတ်ကို ဆင်မြန်းပေးပြီး မိမိတို့ ကချင်ရိုးရာ၌ အထိမ်းအမှတ်ပွဲများနှင့် မနောပွဲတော်တို့တွင် ကချင်ရိုးရာဖြစ် သည့် လွယ်အိတ်နှင့် ငွေမောင်းပါသည့်ဓားကိုလက်ဆောင် အဖြစ်ပေးလေ့ရှိပါကြောင်း၊ လွယ်အိတ်သည် သိမ်မွေ့ခြင်း၊ ဓားသည် ကာကွယ်ခြင်း၊ တိုက်ရည်ခိုက်ရည် ကောင်းခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုကြပါကြောင်း၊ ယခင်ကလည်း တပ်မတော်အကြီးအကဲများအား လွယ်အိတ်နှင့်ဓားကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ဖူးပါကြောင်း၊ ယခုအကြိမ် တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နူးညံ့သိမ်မွေ့သော ငြိမ်းချမ်းရေးကို အောင်မြင်စွာဖြင့် ဖော်ဆောင်နိုင်စေလိုသော အဓိပ္ပာယ်ဖြင့် လွယ်အိတ်တစ်မျိုးတည်းကိုသာ လက်ဆောင်အဖြစ် ပေးအပ်ရခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) အဖွဲ့ အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ တပ်မတော် စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် အဖွဲ့ ဝင်များက လက်ခံရယူပြီး ရိုးရာ လက်ဆောင်များကို ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

http://sdtimedaily.com/2020/12/02/shp33-26/

No comments:

Post a Comment