Wednesday, December 23, 2020

ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်ဝင်

 ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်ဝင်

2020-12-24

Email storyComment on this storySharePrint story

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်

ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်ဝင်

၇၃ နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့ ၂၀၂၀ ဒီဇင်ဘာ ၂၄ ရက်နေ့က အခမ်းအနားမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို တွေ့ရစဉ်

Photo: Thant Zin Oo/RFA

မကြာသေးခင်က ဝယ်ယူထားတဲ့ ရေငုပ်သင်္ဘော၊ ရေတပ်က တပ်ဆင်ထုတ်လုပ်တဲ့ တိုက်ခိုက်ရေး သင်္ဘော ၆ စီးတို့ တပ်တော်ဝင်ခြင်းနဲ့ ၇၃ နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ အမှတ် ၃ ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှာ ပြုလုပ်ခဲ့ပါတယ်။


ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၊ ရုရှားနဲ့ အိန္ဒိယ သံတမန်အရာရှိများ တက်ရောက်တဲ့ ဒီအခမ်းအနားကို သတင်းယူနိုင်ဖို့ တပ်မတော်က ပြည်တွင်း၊ ပြည်ပ သတင်းဌာန ၂၀ နီးပါးကို ဖိတ်ကြားခဲ့ပါတယ်။


ရှေးခေတ်စစ်သူကြီးတစ်ယောက်ကို ဂုဏ်ပြုပြီး ဒီရေငုပ်သင်္ဘောကို မင်းရဲသိင်္ခသူလို့ အမည်ပေးထားတာပါ။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ရေငုပ်သင်္ဘောကို အိန္ဒိယနိုင်ငံကနေ ဝယ်ယူခဲ့တာဖြစ်ပြီး မူရင်းထုတ်လုပ်တာကတော့ ရုရှားနိုင်ငံကလို့ သိရပါတယ်။


https://www.rfa.org/burmese/news/73-navy-anniversary-12242020040539.html

No comments:

Post a Comment