လက်နက်ကိုင်ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်မဖြစ်ဖို့နဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေကြောင်း တပ်မတော်က ပြောဆိုလိုက်ပေမဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် တည်ငြိမ်မှုရဖို့ ကြိုးပမ်းနေတယ်လို့ တပ်မတော် တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မကျင်းပဖြစ်ခဲ့တဲ့ နယ်မြေတွေမှာ ဒီနှစ်ကုန်နောက်ဆုံးထား ကျင်းပနိုင်အောင် ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံလိုက်ပြီးနောက် တိုက်ခိုက်မှုတွေ ရပ်စဲထားတာကို ဆက်လက် ထိန်းသိမ်းနိုင်အောင် ကြိုးပမ်းနေတဲ့အကြောင်း ဒီကနေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်တာပါ။ တိုက်ခိုက်မှုတွေ ရပ်စဲထားပေမဲ့ တပ်အင်အားဖြည့်တင်းတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်က ပယ်ချလိုက်ပါတယ်။မ့်မယ်၊ ၂ ဘက်လုံးရဲ့ ဆက်လက် စောင့်ထိန်း၊ စောင့်ဆည်းမှုအပေါ်မှာပဲ မူတည်လိမ့်မယ်လိုပဲ ပြောချင်တယ်။”
လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ရပ်စဲထားပေမဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကသာ အဓိက ဆုံးဖြတ်ရမှာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ ဒီနှစ်မကုန်ခင် ကျင်းပနိုင်ဖို့ ကမ်းလှမ်းခဲ့တဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား မကြာသေးခင်ကပဲ တိုက်ရိုက်ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၀ ပြည့်နှစ် ကုန်ဆုံးဖို့ ရက်ပိုင်းသာ ကျန်တော့တာကြောင့် နှစ်မကုန်ခင် ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်မယ့် အလားအလာ မရှိဘူးလို့လည်း တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ တကျော့ပြန် ပေါ်ပေါက်လာမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။
“ရွေးကောက်ပွဲဖြစ်၊ မဖြစ်ဆိုတော့ကတော့ လောလောဆယ်အချိန်မှာတော့ UEC နဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်က အဓိက ဖြစ်ပါလိမ့်မယ်။ တပ်နဲ့ အေအေ တိုက်ပွဲရပ်နေတာတော့ ၁ လနဲ့ ရက် ၂၀ လောက်ရှိသွားပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲက အချိန်ပေးရတာက ၁ လလောက် အချိန်ပေးရတဲ့အခါကျတော့ ရွေးကောက်ပွဲ မကျင်းပဖို့က ရာခိုင်နှုန်းနည်းနည်းပို များနေသလားပေါ့။ တခုရှိတာက ဒီဇင်ဘာ ၃၁ ရက်ထိ အပစ်ရပ်ထားမယ်ဆိုတဲ့ ကြေငြာချက်အောက်မှာတော့ ၂ ဘက် တပ်မတော်ကရော၊ AA ကရော ဒါနဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေး သဘောထား ထပ်မံထုတ်ပြန်ထားခြင်းမရှိတာကတော့ ဒေသခံလူထုကတော့ စိုးရိမ်နေကြတယ်။”
ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေမှာ အဓိကကျတဲ့ တပ်မတော်နဲ့ AA အဖွဲ့ကြား တိုက်ခိုက်မှုတွေရပ်စဲထားပြီး ဆွေးနွေးတာတွေလည်း ရှိနေတယ် ဆိုပေမဲ့ အစိုးရနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးတာမျိုးတော့ မတွေ့ရသေးပါဘူး။ တချိန်တည်းမှာပဲ အာဏာရ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ယောက်ကို AA အဖွဲ့က ပြန်လွှတ်ပေးဖို့လည်း မနေ့တုန်းကပဲ ထပ်မံတောင်းဆိုထားပါတယ်။
https://burmese.voanews.com/a/rahine-aa-tatmataw-election/5718502.html
No comments:
Post a Comment