Tuesday, November 24, 2020

းကုတ်မြို့နယ်မှာ TNLA နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွား

 းကုတ်မြို့နယ်မှာ TNLA နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွား

မိုးကုတ် | မားနဂါး ။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြောက်ပိုင်းခြမ်း ပိန်းပြစ်ကျေးရွာနဲ့ ချောင်းကြီးကြားမှာ နိုဝင်ဘာလ ၂၄ရက် မနေ့ည ရနာရီကျော်ကနေ ၉နာရီဝန်းကျင်အထိ မြန်မာ့တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မနေ့ည တစ်ကြိမ်၊ ဒီမနက် တစ်ကြိမ်ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီနေ့ နေ့လယ် ၁၁နာရီချိန်မှာတော့ မိုးမိတ်မြို့နယ် လွယ်ဆာကျေးရွာကနေ မြန်မာ့တပ်မတော်ဘက်မှ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို လက်နက်ကြီး ၅ချက် လှမ်းပစ်ခဲ့ တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုးမိတ်မြို့နယ် လွယ်ဆာကျေးရွာဒေသခံတစ်ဦးဖြစ်တဲ့ မိုင်းကျော်နိုင်ဝင်းက
"မိုးကုတ်မြောက်ဘက်ခြမ်းရွာတွေဘက်ဖြစ်တယ်။ မနေ့ည တစ်ကြိမ်၊ ဒီနေ့မနက် တခနလေးတစ်ကြိမ်ဖြစ်တယ်။ ဒီမှာကလည်း အဲလိုအသံကြားတော့ ထွက်ပြေးကြမယ်လို့ ပြောကြတယ်။ ကျနော်တို့က မပြေးဖို့တော့ မေတ္တာ ရပ်ခံတယ်။ ပြေးတော့လည်း မြို့ထဲမှာ ကိုဗစ်-၁၉ ဖြစ်နေတော့ မပြေးစေချင်ဘူး။ အတက်နိုင်ဆုံး လုံခြုံတဲ့နေရာ ဘဲ နေကြဖို့ အဲလိုပဲလိုက်ပြောနေရတယ်။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာဆိုရင် တောင်ကြားထဲက ကုမ္ပဏီတွေရဲ့ လုပ်ကွက်ဟောင်းနေရာဖြစ်ပြီး ကျေးရွာနဲ့ဝေးပြီး မြို့နဲ့လည်း ၆မိုင်လောက်အလှမ်းဝေးတဲ့အတွက်ကြောင့် ကျေးရွာပြည်သူတွေအနေနဲ့လည်း သိပ်တော့ မစိုးရိမ်ရဘူးလို့ သူကဆက်ပြောခဲ့ပါတယ်။
တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေတာ မိုးကုတ်မြောက် မီတာ ၂ဝဝဝမှာ သတင်းရလို့ ကင်းပုန်းဝတ်တော့ မန်နားရွာဘက်ကလာတဲ့ TNLA ၃ဝလောက်ထိတွေ့မှုဖြစ်ပွားပြီး TNLA မြောက်ဘက် ထွက်သွားတော့ လိုက်လံရှင်းတာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က ၁ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOM သတင်းဌာနကို ဒီကနေ့ပြောကြားခဲ့ပါတယ်။
အဆိုပါတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရခဲ့ပါ။

https://www.facebook.com/MarnagarMultimediaNews/posts/4039530872742774?__cft__[0]=AZW-qvcV53mfhgREJcjaC08rKqx4P3aIe4qY6gkC2H0pSGY1x38HV-mftwthooIEBWONHdPgdVVDCv53R1s83yT4SEq_27vT4ygpT-BrXMGwyz5fAHFnCYDwcVJnxTJts9cnRo-NZTo7x0kT6SWZdfOO&__tn__=%2CO%2CP-R

No comments:

Post a Comment