Monday, November 2, 2020

RCSS နယ်မြေ(၉) တပ်ဖွဲ့ထံ ဆန် ၂အိတ်ခွဲပေးပို့ရမည်ဟု မက်ချီးနုတ်ကျေးရွာသို့ အကြောင်းကြားစာပေးပို့ခံရ

 RCSS နယ်မြေ(၉) တပ်ဖွဲ့ထံ ဆန် ၂အိတ်ခွဲပေးပို့ရမည်ဟု မက်ချီးနုတ်ကျေးရွာသို့ အကြောင်းကြားစာပေးပို့ခံရ

မိုင်းကိုင် | မားနဂါး ။

မနေ့က နိုဝင်ဘာလ ၂ရက်နေ့မှာ မက်ချီးနုတ်ကျေးရွာတာဝန်ရှိသူထံ RCSS နယ်မြေ (၉)တပ်ဖွဲ့ဝင်တွေ ပေးပို့ အကြောင်းကြားလာတဲ့ စာတစ်စောင်ထဲမှာ နိုဝင်ဘာလ ၅ရက်နေ့အရောက် တုံလောအုပ်စုကို ဆန် (၂)အိတ်ခွဲ ပို့ဆောင်ပေးရန်နဲ့ မပို့ဆောင်ခဲ့ရင် RCSS တပ်ဖွဲ့ ရှိရာ တောအထိ ပို့ဆောင်ပေးသွားရမှာဖြစ်တယ်လို့ ရေးသား ပါ ရှိတဲ့အတွက် စိုးရိမ်မှုကြောက်ရွံ့နေရတယ်လို့ ဒေသခံ တစ်ဦးထံက သိရပါတယ်။

မက်ချီးနုတ်ကျေးရွာဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ထဲမှာ တည်ရှိပြီး အဆိုပါနယ်မြေအတွင်းမှာ တော့ RCSS သွားလာလှုပ်ရှားရာ နယ်မြေဖြစ်ပါတယ်။

RCSSထံမှ ဆန်နှစ်အိတ်ခွဲ ပေးပို့ဖို့ စာပို့လာတာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက
"RCSS က မနေ့ညနေ ၂နာရီခွဲမှာစာပို့ထားတယ်။အုပ်စုတွေမှာစာပို့ထားပြီး တစ်ရွာပြီးတစ်ရွာပြန်ပို့ပေးရတယ်။ နိုဝင်ဘာလ ၅ရက်နေ့မှာ အပြီးပို့ပေးရမယ်။ တုံလောအုပ်စုမှာ သွားပို့ပေးရမယ်။ မနှစ်ကလည်း ပေးရတယ်။ ဒီနှစ်ထဲမှာတော့ ဒါက ပထမဆုံးအကြိမ်ပေါ့။ မပို့ရင်လည်း ခြိမ်း ခြောက်ခံရမှာ ကြောက်နေရတယ်လေ " လို့ မားနဂါးသတင်းဌာနကို ပြောပါတယ်။

ဆန်ကို သွားရောက်မပို့ပေးပါက RCSSတပ်ဖွဲ့မှ စကားတစ်ခုခုပြောလာမှာဖြစ်ပြီး ဆန်ပို့လိုက်ရင်တော့ ဘာမှမ ပြောပဲ ဒီတိုင်းသာပြီးသွားမှာဖြစ်ပြီး မပို့ဖြစ်ရင်တော့ သူတို့ ပြန်လည်ခြိမ်းခြောက်မှာလည်း စိုးရိမ်ရတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

အဆိုပါကျေးရွာက ပြီးခဲ့တဲ့နှစ်ကလည်း RCSSထံ ဆန် (၆)အိတ်ပို့ဆောင်ပေးခဲ့ရပြီး ဒီနှစ်မှာတော့ ဒါပထမဆုံး တစ်ကြိမ် ပြန်လည်တောင်းလာခြင်းဖြစ်တယ်လို့ အမည်မဖော်လိုသူ ဒေသခံက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာမှုနဲ့အတူ ရှမ်းပြည်နယ်တောင် ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း RCSS တပ်ဖွဲ့ဝင်တွေရဲ့ အသွားအလာပိတ်ပင်ကန့်သတ်ချက်တွေ ရှိလို့နေပြီး အလုပ် အကိုင် စီးပွားရေး ကြပ်တည်းမှုတွေ ကြုံတွေ့နေရစဉ် အချိန်မျိုးမှာ အခုလို ဆန် ၂အိတ်ခွဲ ပေးပို့ဖို့အတွက်က ကျေး ရွာလူထုအတွက် အခက်ကြုံနေတာလည်း ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


https://www.facebook.com/MarnagarMultimediaNews/posts/3974888859206976?__xts__%5B0%5D=68.ARDVcGGncLvij-n75NYBtIdeZIg_G1BJx49f0VvXyJIhAqTwXc-4YsQPWdRzX2sucV93oszYN3AIC56knz23xDypKRK2sCLxVcb4l11P4ULH_d3SgNN7c9CYfTRnh3eZb9G7gu_TZoPT1xufiwYdBJy4ZxSDogKDKaJ7aclGT23xcTZUSvnorQ232bO9ClMYjsui3weQD0jlMyRJJhgg7MfuMLjfALg08eh8D8mGAkFfsskFTapGww1JAmlCA6QCWchi094OXZ2V-MU8RBnsq6rWzQuu0Y2wpA0Ih1gYp7VfMlp7kmsOTpYs0i2yplb3o01ae1AnEqNLA9yK7PFy6a2ueQ&__tn__=-R

No comments:

Post a Comment