Wednesday, November 4, 2020

မိုင်းကိုင်မြို့နယ် ပန်မွမ်းကျေးရွာနဲ့ခေးအုံအွေ့ကျေးရွာလမ်းခွဲတွင် စောင့်ကြပ်နေသည့် RCSS တပ်ဖွဲ့(၄)ဦးမှ ကျေးရွာသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

 မိုင်းကိုင်မြို့နယ် ပန်မွမ်းကျေးရွာနဲ့ခေးအုံအွေ့ကျေးရွာလမ်းခွဲတွင် စောင့်ကြပ်နေသည့် RCSS တပ်ဖွဲ့(၄)ဦးမှ ကျေးရွာသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

မိုင်းကိုင် | မားနဂါး ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ရက် ညနေ ၄နာရီခွဲအချိန် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်မွမ်းကျေးရွာနဲ့ ခေးအုံအွေ့လမ်းခွဲနေရာမှာ စောင့်ကြပ်လျှက်ရှိတဲ့ RCSS တပ်ဖွဲ့ဝင် ၄ဦးမှ (အမည်နေရပ်လိပ်စာမသိရသေး) ကျေး ရွာသားတစ်ဦးကို မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းပြီး ဖမ်းချုပ်ရန်ကြိုးပမ်းစဉ် အဆိုပါရွာသားမှာ ထွက်ပြေးဖို့ အားထုတ်ခဲ့တဲ့အတွက် သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူ တစ်ဦးက မားနဂါးထံ သတင်းပေးပို့ခဲ့ပါတယ်။

အဆိုပါ ကျေးရွာတွေမှာ RCSS တပ်ဖွဲ့ဝင်တွေမှ အသွားအလာ (လုံးဝ) ကန့်သတ်ထားတဲ့အတွက် အခုလို ၅ရက် တစ်ကြိမ် စျေးသွားခွင့် ရရှိတဲ့ ဒီကနေ့မှ သတင်းပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်အသေးစိတ်ကတော့ ကျေးရွာသား ၈ဦးဝန်းကျင်ခန့်ဟာ တောင်ယာကနေ ပြန်လာစဉ်အချိန် ကျေးရွာအဝင် မှာ စောင့်ကြပ်နေတဲ့ RCSS တပ်ဖွဲ့ဝင်တွေက တစ်ဦးချင်းအလိုက် ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကို သတင်း ပေးပို့သူ မျက်မြင်သက်သေ ဒေသခံတစ်ဦးက မြင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံး အသက် (၅၀)ဝန်းကျင် ဒေသခံရွာသားရဲ့ လွယ်အိတ်ကို စစ်ဆေးခဲ့ပြီး တာမြစ်ဖမ်းချုပ်ရန် စီစဉ်ချိန်မှာ ရွာသားက ကြောက်ရွံ့ပြီး ထွက်ပြေးဖို့ ကြိုးစားစဉ် RCSS တပ်ဖွဲ့ဝင် တစ်ဦးက ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ အမည်မဖော်ရဲသူ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ကျေးရွာသား တစ်ဦးက
"ကျနော်ကိုယ်တိုင်တွေ့လိုက်တယ်။ သူတို့ တောင်ယာကနေပြန်လာတော့ သူတို့အဖွဲ့ကို တားလိုက်တယ်။ သူတို့ ပစ္စည်းတွေစစ်လိုက်တယ်။ နောက်ဆုံးတစ်ယောက် လွယ်အိတ်ထဲမှာ စစ်လိုက်တယ်။ သူတို့လွယ်အိတ်ထဲမှာ ဘာ မြင်လည်းတော့မသိဘူး။ သူ့ကို တားထားလိုက်တော့ သူက ကြောက်ပြီး ထွက်ပြေးလိုက်တော့ သူတို့က ပစ်သတ် လိုက်တယ်" လို့ မားနဂါးသတင်းဌာနကို ပြောပါတယ်။

အဆိုပါရွာသားကို ပစ်သတ်လိုက်ပြီး သေသွားတာတော့ သေချာတယ်။ ဒါပေမယ့် သေတဲ့ရွာသားက ဘယ်သူဘယ် ဝါဖြစ်တယ်။ ဘယ်ရွာသားဖြစ်တယ်ဆိုတာတော မသိရသေးဘဲ သူ့ကိုမြပ်နှံဖို့ ခေးအုံအွေ့ကျေးရွာမှာ ပေါက်ပြား သွားယူဖို့ စီစဉ်ပြောဆိုနေတာလည်း ကြားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီနေ့ကလည်း တစ်ရွာနဲ့တစ်ရွာ သွားလာကူးသန်းဖို့က ပိတ်ပင်တားမြစ်ထားတဲ့ရက်ဖြစ်နေတဲ့အတွက် ဘယ်သူ ဘယ်ဝါဖြစ်တယ်နဲ့ ဘယ်ရွာကလဲ ဆိုတာတွေကို သိရှိနိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

အဆိုပါ ကျေးရွားသားတစ်ဦး ပစ်သတ်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်) အမျိုး သားပါတီ ဥက္ကဌ မိုင်းနုမ်ဟမ်က
“ ကျနော်တို့အနေလည်း စုံစမ်းနေဆဲပါ။ မျက်မြင်သက်သေကိုယ်တိုင်ကတော့ လာပြောပြသွားတယ်။ ပစ်သတ် ခံရလို့ သေဆုံးသွားသူကလည်း ဘယ်ရွာကဖြစ်တယ် ဘယ်သူဖြစ်တယ်ဆိုတာ မသိသေးဘူးလေ။ နမ့်စင်ကျေးရွာ က ဖြစ်နိုင်ချေများတယ်။ ” လို့ မားနဂါးကို ပြောပါတယ်။

ပစ်သတ်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုင်းကိုင် တအာင်း(ပလောင်) အမျိုးသားပါတီ တာဝန်ရှိသူတွေ ဒီကနေ့လမ်း ဖွင့်တဲ့ရက်မှာ ကျေးရွာတွေကလည်းများပြီး လမ်းကြောင်းအခြေအနေရ အဖြစ်နိုင်ဆုံးကျေးရွာဒေသတွေကို ဆင် ခြင် သုံးသပ်ပြီး သွားရောက်စုံစမ်းဖို့ ကြိုးပမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

မိုင်းကိုင်မြို့နယ်အတွင်း RCSS တပ်ဖွဲ့ဝင်တွေက အသွားအလာပိတ်ပင်ထားခံရတဲ့ ကျေးရွာအုပ်စုတွေကတော့ နောင်စံဖူးအုပ်စု၊ စုံလောအုပ်စု၊ ခေးအုံအွေ့အုပ်စု၊ ဖာခေါင်အုပ်စုနဲ့ မိုင်းယွန်းအုပ်စုတွေဖြစ်ကြပြီး ကျေးရွာစုစု ပေါင်း (၅၀)ကျော်ရှိနေပြီး လမ်းကိုတော့ ၃ရက် တစ်ကြိမ် တစ်ခါ တစ်လေ ဖွင့်ပေးပြီး အများအားဖြင့် ၅ရက်တစ် ကြိမ်သာဖွင့်ပေးတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဒေသခံတွေမှ တဆင့် သိရပါတယ်။

https://www.facebook.com/MarnagarMultimediaNews/posts/3980719698623892?__xts__%5B0%5D=68.ARChrv95_X8mZ5VHbXSP1H0yK8eE4fQn-A28Ak45BxxU1km8IYveg7pvknb7i3BzxHF9SFNQ5LizT1j7afJgD2LUg-v1rjkjoNQNeO0FiDl3X6VT2iSX5yTFBwqQy-e10ZJdQBqrSf5QQZJATD1jdF6ny1EF_m0FGXYUVjOHBra77cabrezrv7_fc3BcHsHzx5UBh4NCOd02SSeyssu44_au5-dUSYxnNlWgJJh3j1AkpdvQEkueg0oUnyE9gxfG2lKeYn57-Xr2bhsmIe1NI0D5EAAQBDXU4KFl64xFqrlie7Xx_QRDGTmihv1D1unaoAr8UY2CRLiiV0oK_ru6EfyRIQ&__tn__=-R

No comments:

Post a Comment