Wednesday, November 25, 2020

မူဆယ်မြို့ မိန်ဝိန်းပေါက်တွင် ပေါက်ကွဲမှုဖြစ်ပွား

 

ယနေ့( နိုဝင်ဘာ ၂၅ ) ည ၈နာရီကျော်အချိန်ခန့်က မူဆယ်မြို့၊ မိန်ဝန်းပေါက်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှှိမှုမရှိကြောင်း မူဆယ်မြို့ ဂရုဏာပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းထွန်းက The Ladies News သို့ပြောကြားသည်။
 
ဦးသောင်းထွန်းက '' ထိခိုက်မှုမရှိဘူးဆိုတော့ အသံမိုင်းများဖြစ်မလားတော့ မသိဘူး '' ဟု ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ၎င်း၏ ထင်မြင်ချက်ကို ပြောကြားသည်။
 
ပေါက်ကွဲမှုဖြစ်ပွားသော မိန်ဝိန်းပေါက်သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် တည်ရှိသည်။

http://www.theladiesnewsjournal.com/news/thu-2020-11-26-0437/14095

No comments:

Post a Comment