မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်အစပ်တွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုများဖြစ်ပွားခဲ့ရာ နိုဝင်ဘာ ၂၆ ရက်နေ့ထိ စာရင်းများအရ တိုက်ပွဲရှောင် ဒေသခံ ၁၀၀၀ ကျော်မိုးကုတ်မြို့သို့ တိမ်းရှောင် ရောက်ရှိနေကြောင်း မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ တိမ်းရှောင်သူများ မိုးကုတ်မြို့သို့ ရောက်ရှိလာကြရာ မိုးကုတ်ဒေသခံများနှင့် ပရဟိတအသင်းများက ကူညီစောင့်ရှောက်ပေးနေသည်ဟုဆိုသည်။
“စခန်းရယ်လို့ ဖွင့်ထားတာမရှိပေမယ့် ဘုန်းကြီးကျောင်းတွေ ခရစ်ယာန်ဘုရားကျောင်းတွေမှာ နေရာ ပေး ထားတယ်။ တချိုကလည်း သူတို့ဆွေမျိုးသားချင်းတွေ အိမ်မှာ နေကြတာပါ။ တစ်ထောင်ကျော်ပြီ။ ဌာနကလည်း လိုအပ်တာတွေ လုပ်ကိုင်ပေးနေတယ်”ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးက ပြောသည်။
တိမ်းရှောင်လာသူများသည် ချောင်းကြီးကျေးရွာအုပ်စုမှ ကျောက်ပုံ ၊ကျွဲနဖား၊ ရှမ်းကုန်းစံ၊ လီဆူးကုန်းစံ၊ ကျောက်ပုံရွာ ၊ကျောက်နဂါးစသည်တို့မှ ဖြစ်ပြီး ရွှေဂူကြီးကျောင်း၊ ရှမ်းဘုန်းကြီးကျောင်း၊လီဆူး ပတ္တမြားခန်းမ၊ အောင်မင်္ဂလာဓမ္မာရုံနှင့် လီဆူးနှစ်ချင်း အသင်းတော်တို့တွင် ထားရှိကာ ကူညီပေးထားသည်ဟုသိရသည်။
“မိုးကုတ်နဲ့ အနီးကပ်ဆုံးမှာ ဖြစ်တာပဲ။၂၄ ရက်ည ၈ နာရီလောက်က ပစ်ခတ်သံတွေ မြို့ထဲက ကြားရတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လက်နက်ကိုင်တွေ ရောက်နေကြပြီ။ဒေသခံတွေက စိုးရိမ်တော့ ထွက်ပြေး လာကြတယ်” ဟု မိုးကုတ်မြို့မှ ကိုစိုးမင်းလှိုင်ကပြောသည်။
မိုးကုတ်နှင့် မိုးမိတ်မြို့နယ် အစပ်တွင် လက်နက်ကိုင်အဖွဲ့ ရောက်ရှိလာသဖြင့် ဒေသခံများက စိုးရိမ်သဖြင့် နေအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ပြီး တပ်မတော်ဘက်ကလည်း နယ်မြေရှင်း လင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှောလီဝိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က “ကိုဗစ်ကာလဖြစ်တော့ ရောက်လာတဲ့သူတွေကို ဝင်ပေါက် ထွက်ပေါက်တစ်ခုထဲ ထားပြီး အပြင်မထွက်ဖို့ ကန့်သတ်ထားတယ်။ ကျွန်တော်တို့ ရပ်ကွက်ဘက်မှာ အိမ်ထောင်စု ၂၀၀ လောက် ဘုန်းကြီးကျောင်းမှာ ထားတယ်” ဟုပြောသည်။
https://myanmar.mmtimes.com/news/147381.html
No comments:
Post a Comment