Wednesday, November 25, 2020

မောင်တောတွင် ပြုလုပ်သည့် နှစ်နိုင်ငံတပ်မှူးအဆင့်အလံတင်ဆွေးနွေးပွဲ၌ ဘင်္ဂလာဒေ့ရှ်ငါးဖမ်းသမား ၉ ဦး

မောင်တောတွင် ပြုလုပ်သည့် နှစ်နိုင်ငံတပ်မှူးအဆင့်အလံတင်ဆွေးနွေးပွဲ၌ ဘင်္ဂလာဒေ့ရှ်ငါးဖမ်းသမား ၉ ဦးကို လွှဲပြောင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၂၅/၂ဝ၂ဝ

ယနေ့နံနက်က မောင်တောမြို့ အမှတ်(၁) ဝင်ထွက်ဂိတ်တွင် မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲတွင် မြန်မာဘက်က ဖမ်းဆီးထားသည့် ဘင်္ဂလီငါးဖမ်းသမား ၉ ဦးကို လွှဲပြောင်းပေးအပ်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းငါးဖမ်းသမား ၉ ဦးမှာ နိုဝင်ဘာ ၁ဝ ရက်နေ့က ငါးဖမ်းစက်လှေ စက်ပျက်ပြီး မြန်မာရေပိုင်နက်အတွင်း မျောပါနေစဉ် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များကရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်ခံရသူများဟု ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ဖော်ပြသည်။

၎င်းငါးဖမ်းသမား ၉ ဦးကို ယနေ့ နှစ်ဖက်တပ်မှူးအဆင့် အလံတင်ဆွေးနွေးအပြီးတွင် လွှဲပြောင်းပေးခဲ့သည်ဟု Parbatta News တွင် ဖော်ပြသည်။  

မောင်တောတွင် ပြုလုပ်ခဲ့သည့် အလံတင်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် ပြုလုပ်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ ၁ဝ ဦးနှင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ (BGP) မှ ၇ ဦးတက်ရောက်ခဲ့ပြီး နယ်စပ်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

---------------------------------------

Unicode -


နိရဉ်စရာ၊ နိုဝငျဘာ ၂၅/၂ဝ၂ဝ





https://burmese.narinjara.com/.../5fbe69ac3f8935047dbb785...


https://www.facebook.com/narinjara.info/posts/3820122121333170

No comments:

Post a Comment