Monday, November 23, 2020

မန်ဝိန်းကြီးဒေသရှိနေအိမ်တစ်ခုတွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား

 မန်စီမြို့နယ် မန်ဝန်းကြီးဒေသရှိ လူနေအိမ်တစ်ခုတွင် လက်လုပ်မိုင်းပေါင်းကွဲမှု နိုဝင်ဘာလ ၂၃ ရက် ည၇နာရီဝန်းကျင်ကဖြစ်ပွားခဲ့သည်။

မန်ဝိန်းကြီး ရပ်ကွက် (၆) ရှိ ဦးထွန်းအင်၏ နေအိမ်ရှေ့တံခါးနဲ့အုတ်တံတိုင်းကြားတွင် လက်လုပ်မိုင်းဟုယူဆရသောဗုံးတစ်လုံးပေါက်ကွဲခဲ့ရာနေအိမ်တံခါးအနည်းငယ်ပျက်ဆီးခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းသိရသည်။

ဦးထွန်းအင်မိသားစုသည် ကြံနှင့်ဖရဲစိုက်ပျိုးသောတောင်သူမိသားစုဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် ဦးထွန်းအင်သည်နေအိမ်တွင်ရှိမနေကြောင်း မန်ဝိန်းကြီးအုပ်ချုပ်ရေမှူး ဦးလှနူးကမဇ္ဈိမကိုပြောသည်။
မန်ဝိန်းကြီးဒေသတွင် အခုလိုဖြစ်ရပ်မျိုးဖြစ်ပွားလေ့မရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး မန်စီမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်ဆက်သွယ်ရျ်မရခဲ့ပေ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ အမည်မသိလူနှစ်ဦးစီးနင်းလာသည့်ဆိုင်ကယ်တစ်စီးပေါ်မှ အထုတ်တစ်ထုတ်ပစ်ချခဲ့ပြီးအဆိုပါအထုတ်မှအသံမိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊မန်စီမြို့နယ်တွင်ရှိသော မန်ဝိန်းကြီးဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်ရဲ့ရွှေလီမြစ်တစ်ဘက်ကမ်းမှာတည်ရှိပြီး ရှမ်းလူမျိုးအများဆုံးနေထိုင်ရာဒေသဖြစ်သည်။
 http://www.mizzimaburmese.com/article/75943

No comments:

Post a Comment