ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးမှအနားယူမှုမှာ ဥပဒေကိုကျော်လွန် ဆောင်ရွက်မည်မဟုတ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ အနားယူမှုကိစ္စရပ်ကို မီဒီယာများနဲ့ တွေ့ဆုံမေးမြန်းမှုတွေမှာ ဖြေကြားပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှာလည်း သက်ဆိုင်ရာ ဥပဒေ ပြဌာန်းပြီး ဖြစ်ပါတယ်။ အဲဒီ့ အချက်နှစ်ချက် အတိုင်းလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျော်လွန် ဆောင်ရွက်စရာမရှိပါဘူး။ ဒါ့အပြင် ယခုကာလမှာ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ဖို့ ကိုယ်စားလှယ်လောင်းများ ရရှိထားတဲ့ပါတီ အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ ဆောင်ရွက်နေတဲ့ ကာလဖြစ်ပါတယ်။ ဘယ်လိုနိုင်ငံရေး အခင်းအကျင်းမျိုး ဖြစ်လာမယ်ဆိုတာ မသိသေးပါဘူး။ ဒီကိစ္စတွေပြီးဆုံးမှ အဖြေဟာ တိတိကျကျရရှိလာမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။
နိုဝင်ဘာ ၂၇ ရက် စစ်သမိုင်းပြတိုက် (နေပြည်တော်)၌ ကျင်းပပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပုံမှန် သတင်းစာရှင်းလင်းပွဲ ယင်းသို့ထည့်သွင်းပြောဆို ခဲ့ခြင်း ဖြစ်သည်။
http://www.theladiesnewsjournal.com/news/fri-2020-11-27-0538/14100
No comments:
Post a Comment