ယနေ့ ( နိုဝင်ဘာ ၆ ) မွန်းလွဲပိုင်း ၂ နာရီခွဲကျော်အချိန်က ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အသေးစိတ်မသိရှိရသေးကြောင်း သိရသည်။
ပဲခူးကော်မရှင်ရုံးမှ အတွင်းရေးမှူး ဦးအောင်ကျော်မိုး အား The Ladies News က ဆက်သွယ်မေးမြန်း ခဲ့ရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း အတည်ပြုပြီး ခဲ့ပြီး အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးဟု ပြန်လည် ဖြေကြားပေးသည်။
ပေါက်ကွဲမှုဖြစ်ပွားသော ရွေးကောက်ပွဲကော်မရှင်အခွဲရုံးမှာ ပဲခူးမြို့၊ ဥက္ကသာမြို့သစ်၊ ရပ်ကွက်ကြီး ၇ တွင် တည်ရှိပြီး လူထိခိုက်မရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
http://www.theladiesnewsjournal.com/news/fri-2020-11-06-1214/14003
No comments:
Post a Comment