မူဆယ်မြို့တွင် တစ်ပတ်အတွင်း ဒုတိယအကြိမ် အသံမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ကောင်းမှုလွယ်ရပ် နယ်မြေ (၅) ရှိ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း၏ ခြံဝင်းနေအိမ်၌ နိုဝင်ဘာ ၂၉ ရက် နံနက် ၆ နာရီခွဲခန့်က အမည်မသိသူတစ်ဦးက ၎င်းနေအိမ်ခြံဝင်းအတွင်းသို့ အသံမိုင်းတစ် လုံးပစ်သွင်းခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ရာ လူတစ်ဦးက ယင်းနေအိမ်အတွင်းသို့ အထုပ် တစ်ထုပ်ပစ်သွင်းမှုကြောင့် ပေါက်ကွဲမှုဖြစ် ပေါ်ခဲ့ရပြီး ယင်းခြံဝင်းနှင့်ကပ်လျက် အလျား ၁၇ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၄ ပေ ခန့် အုတ် တိုက်လုံခြုံရေးအစောင့်အအုံ၏ အပေါ်မျက် နှာကြက် နှစ်ပေပတ်လည်၊ အတွင်းအနက် တစ်လက်မခန့် ချိုင့်ခွက်ဖြစ်ပေါ်ခဲ့ပြီး အင်္ဂတေ စများလွင့်စဉ်ခဲ့ကာ အဆောက်အအုံအနည်း ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၌ တစ်ပတ်အတွင်း ဒုတိယအကြိမ်အသံမိုင်းတစ်လုံး ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် သက်ဆိုင်ရာက မိမိတာဝန်ကို အပြည့်အ၀ လုပ်ကိုင်စေလိုကြောင်း မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မူဆယ်မြို့နယ် ပြည်သူများကိုယ်စား တိုက်တွန်းပြောဆိုခဲ့သည်။
“ကျွန်တော်တို့ပြည်သူတွေက မျှော်လင့်တာက အေးအေးချမ်းချမ်းနဲ့ နေထိုင်သွားလာ လုပ်ကိုင်စားသောက်ချင်တာပေါ့။ အခုလည်း ကပ်ရောဂါကာလလည်း ဖြစ်တဲ့အခါမှာကျ တော့ နေ့လုပ်နေ့စားတွေကလည်း ထွက်လို့ မရသလို မထွက်ရင်လည်း ကိုယ့်ရဲ့ဝမ်းစာရေး က ရှိသေးတော့ အပြင်ထွက်ပြီးတော့ သွား လာလှုပ်ရှား စာဖွေစားသောက်နေရတဲ့အဆင့် မှာရှိတယ်ဗျ။ နောက်ဒီလိုမျိုး ထိတ်လန့်မှုမျိုး ထပ်မံပေါ်ပေါက်နေမယ်ဆိုရင် အင်မတန်မှ ကြောက်ရွံ့ထိတ်လန့်မှုဖြစ်နေတယ်ပေါ့။ တာ ဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ တာဝန်ရှိတဲ့အလျောက် ပြည့်ပြည့်၀၀တာဝန်ကို အပြည့်အဝယူပေးဖို့ ကျွန်တော်တို့ ပြည်သူတွေကိုယ်စား တောင်းဆိုချင်ပါတယ်” ဟု မူဆယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်က ပြောကြားသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက် ပြီး မူဆယ်မြို့ရဲစခန်းမှူး ဒုရဲမှူး သန့်ဇော်ဦးက “ကျွန်တော်တို့ အခုစုံစမ်းစစ်ဆေးချက်အရ ကောင်းခါးပြည်သူ့စစ်ဟောင်းရဲ့ နေအိမ်မှာ ပေါက်ကွဲတာပါ။ မိုင်းစမိုင်းနမတွေ့ဘူး။ ဒါ ကြောင့် အသံမိုင်းလို့ ယူဆပါတယ်။ လူသူထိ ခိုက်မှုတော့မရှိပါဘူး။ အခု ကျွန်တော်တို့ စုံ စမ်းစိစစ်ဆဲပါ။ အခု ကျွန်တော်တို့ လုံခြုံရေး အဖွဲ့အစည်းတွေက ပြည်သူ့ဘဝလုံခြုံရေးအ တွက်လုပ်နေသလို မူဆယ်မြို့ဝင် မြို့ထွက်စစ် ဆေးရေးဂိတ်များနှင့် မြို့အတွင်း လုံခြုံရေးများ ကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်”ဟု ပြောကြားသည်။

“ဒီမနက် ဝုန်းဆိုပြီး အငွေ့တွေထွက်လာတယ်။ အိမ်တွေတောင် တုန်ခါသွားတယ်။ ဒီတစ်ပတ်အတွင်း မူဆယ်မှာ နှစ်ကြိမ်ဖြစ်နေ ပြီ။ ယင်းမတိုင်ခင် ဒီနှစ်အတွင်းမှာလည်း မြို့ပေါ်မှာတင် ငါးခါလောက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြီ။ ဒီမှာက တရားဥပဒေစိုးမိုးရေးအတွက် ထိထိရောက်ရောက်လုပ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်နိုင်ငံနယ်စပ်မြို့ခြင်းတူ တာတောင် တရုတ်နိုင်ငံဘက်ခြမ်းမှာ တရားဥပဒေစိုးမိုးတယ်။ ဒီဘက်မှာက လျော့ကျနေတယ်။ ဒါကြောင့်နိုင်ငံ့ပုံရိပ်လည်း ထိခိုက်ကျ ဆင်းစေတယ်။ နောက် ပြည်သူတွေလည်း စိုးရိမ်ပူပန်စိတ်နဲ့ လုံခြုံမှုမရှိဘဲ ဝမ်းစာရှာနေရ တယ်” ဟု မူဆယ်မြို့ခံတစ်ဦးက ဆိုသည်။
အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ဆက်စပ်ပြီး “ပြီးခဲ့လအတော်ကြာက ပန်းဆေး ပြည်သူ့စစ်ဝင်းကို ဆိုင်ကယ်နဲ့လာပြီး ပစ်သွားသေးတယ်။ နမ့်ပေါ့တံတား (ပန်ခမ်းတံတား) မှာ လုံခြုံရေးအတွက် တပ်၊ပြည်သူ့စစ်နဲ့ရဲတို့ ကိုချထားတဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်ခဲ့တာ လေ။ ဒီဖြစ်စဉ်တွေက အများကြီးမေးခွန်းထုတ် စရာတွေလည်းရှိတယ်။ ပြည်သူတွေအတွက် အသက်အိုးအိမ်စည်းစိမ်အတွက် လုံခြုံရေးက စိုးရိမ်စရာတွေပေါ့။ ဒီလိုပြည်သူ့ဘဝလုံခြုံဖို့ ဆို ရင် အစိုးရပေါ်မှာလည်း မူတည်တယ်။ တ ရားဥပဒေစိုးမိုးရေးအတွက် လုပ်နေတဲ့အဖွဲ့ အစည်းတွေက အစိုးရလက်အောက်မှာ ပြည့် ပြည့်၀၀လုပ်လို့ရရင်တော့ ပိုကောင်းတာပေါ့” ဟု မူဆယ်မြို့ခံ စိုင်းမြတ်အောင်က ပြော ကြားသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မူ ဆယ်မြို့မရဲစခန်းက (ပ) ၇၅၅/၂၀၂၀၊ အ ကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ) ဖြင့် အမှုရေးဖွင့်၍ ဆက်လက်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်မတိုင်မီ နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်က မူဆယ်မြို့ စွမ်စော် ရပ်ကွက် မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးဘေးရှိ လုံထန်ပြည်သူ့စစ်ခေါင်းဆောင် အိမ်ခြံဝင်းအတွင်း၌လည်း အသံမိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ အလုပ်သမားတန်းလျားမှ အခန်းတစ်ခန်းပျက်စီးမှုဖြစ်ပွားခဲ့ရာ ယခုအသံ မိုင်းပေါက်ကွဲမှုသည် တစ်ပတ်အတွင်းဒုတိယ အကြိမ်ဖြစ်သည်။
ထို့အတူ ယခုနှစ်အတွင်း မူဆယ်မြို့၌ မေ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က စွမ်စော်ရပ် ကွက် မန့်ဝိန်းနယ်မြေ စွမ်စော် (၁) မန့်ဝန်း(၂) ကြား ရွေးကောက်ပွဲကော်မရှင်ရုံးအနီး ရပ် ကွက်ပိုင်မြေကွက်လပ်တွင် အသံမိုင်းနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဧပြီ ၁၂ ရက် ည ၁၀ နာရီခွဲခန့်ကလည်း MPT Mobile ဝန်ဆောင်မှုရုံးကို ဒေသန္တရလက်လုပ်မိုင်းဖြင့် ဖောက် ကွဲခံရကြောင်း၊ မေ ၁၁ ရက် ည ၈နာရီခွဲခန့်က မူ ဆယ်မြို့အဝင် အိုရီယမ်တယ် ဟိုင်းဝေးကုမ္ပ ဏီတိုးဂိတ်တွင် ဒေသန္တရလက်လုပ်မိုင်းဟုယူ ဆရသောအရာဖြင့် ပစ်ပေါက်သွားခဲ့ကြောင်း သိရပြီး မေလအတွင်း တရုတ်-မြန်မာနယ်စပ် မန့်ဝိန်းမြေနီကွင်းတွင် နှစ်ကြိမ် မိုင်းပေါက် ကွဲမှုဖြစ်စဉ်များဖြစ်ပွားခဲ့ရာ လူသူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ယခုနှစ်အတွင်း မူဆယ်မြို့၌ မေလ၂၆ ရက် နေ့လည် ၁ နာရီအချိန်ခန့်က စွမ်းစော်ရပ်ကွက် မန့်ဝိန်းနယ်မြေ စွမ်းစော်၁ မန့်ဝန်း၂ ကြား ရွေးကောက်ပွဲကော်မရှင်ရုံး အနီး ခြံအမှတ် ရပ်ကွက်ပိုင်မြေကွက်လပ် ၌ အသံမိုင်း နှစ်လုံးပေါက်ကွဲမှု့ဖြစ်ပွားခဲ့မှုဖြစ်စဉ်၊ ဧပြီလ ၁၂ ရက် ည ၁၀ နာရီ ခွဲအချိန်ခန့်ကလည်း MPT Mobile ဝန်ဆောင်မှုရုံး ကို ဒေသန္တရလက်လုပ်မိုင်အရာဖြင့် ပေါက်ကွဲခံရပြီး မေလ ၁၁ ရက်နေ့ ည ၈နာရီခွဲ အချိန်ခန့်က မူဆယ် မြို့အဝင် အိုရီယမ်တယ် ဟိုင်းဝေးကုမ္ပဏီ တိုးဂိတ် တွင် ဒေသန္တရလက်လုပ်မိုင်းဟု ယူဆရသောအရာဖြင့် ပစ်ဖေါက်သွားခဲ့ကြောင်းသိရပြီး မေလအတွင်း တရုတ်မြန်မာနယ်စပ် မန့်ဝိန်း မြေနီကွင်းတွင် နှစ်ကြိမ် တို့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်များဖြစ်ပွားခဲ့ရာ များတွင် လူသူအထိအခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရှိရသည်။
https://news-eleven.com/article/198721
No comments:
Post a Comment