Wednesday, November 25, 2020

လွယ်ဆာရွာ ဘုန်းကြီးကျောင်းကနေ တပ်မတော်စစ်ကြောင်းက လက်နက်ကြီးတွေ ပစ်ခတ်

 လွယ်ဆာရွာ ဘုန်းကြီးကျောင်းကနေ တပ်မတော်စစ်ကြောင်းက လက်နက်ကြီးတွေ ပစ်ခတ်

https://www.shwepheemyay.com/node/78

လွေးအမ်ရွှေလီ၊ ရွှေဖီမြေ

နိုဝင်ဘာ ၂၅ ရက်၊ မိုးမိတ်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် လွယ်ဆာကျေးရွာဘုန်းကြီးကျောင်းကနေ တပ်မတော်စစ်ကြောင်းက ဒီနေ့ မွန်းလွဲပိုင်း ၁၂ နာရီအချိန်က ကျေးရွာရဲ့အနောက်ဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

လွယ်ဆာကျေးရွာဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တပ်မတော်စစ်ကြောင်းတွေက သူတို့ဘာသာ တစ်ဖက်သတ် လက်နက်ကြီးတွေပစ်နေတာ” လို့ ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီအချိန်မှာလည်း မိုးကုတ်မြို့နယ် ပိန်းပြစ်နဲ့ ကျောက်ဝါကျေးရွာဘက်မှာ တပ်မတော်စစ်ကြောင်းက တစ်ဖက်သတ် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းဒေသခံက “သူတို့က ဒီအတိုင်းပဲပစ်တာဆိုတော့ ရွာမှာထွက်ပြေးတာလည်း မရှိသေးဘူး။ တပ်မတော်စစ်ကြောင်းတစ်ဖွဲ့ပဲ ရှိတာဆိုတော့ ရွာကလူတွေက တိုက်ပွဲဖြစ်မှာလား မဖြစ်ဘူးလားဆိုတာ သူတို့စောင့်ကြည့်နေတာ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က မန္တလေးတိုင်း မိုးကုတ်မြို့နယ် ချောင်းကြီးအုပ်စုနဲ့ ကျောက်ဝါအုပ်စုထဲမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က ရွာထဲရောက်ရှိလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ဒေသခံရာချီ မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြဖူးပါတယ်။

#ပစ်ခတ်မှု #တပ်မတော် #လွယ်ဆာရွာ #မိုးမိတ်

#ဓာတ်ပုံ- Local (မိုးမိတ်မြို့နယ် လွယ်ဆာကျေးရွာ ဘုန်းကြီးကျောင်း)

https://www.facebook.com/451214215694715/posts/845894366226696/


https://www.facebook.com/shwepheemyaynews/posts/845894366226696

No comments:

Post a Comment