ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ မြစ်နားဒုံချောင်းကျေးရွာအနီးတွင် တပ်မတော်ယဉ်တန်းအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် မင်းပြားမြို့နယ်၊
မြစ်နားဒုံချောင်းကျေးရွာအနီး လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် နိုဝင်ဘာ ၃ ရက် နေ့လယ် ၁ နာရီခန့်၌ မြစ်နားဒုံချောင်းကျေးရွာရှိ “ဝင်း” စားသောက်ဆိုင်မှ အရှေ့ဘက်သို့ ထွက်ပြေးသွားသည့် အရပ်ဝတ်များဖြင့် လက်နက်ငယ်များကိုယ်စီကိုင်ဆောင်ထားသော AA အကြမ်းဖက်သောင်းကျန်းသူ ၃ ဦးအားတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေးမြို့မြစ်အတွင်း ခုန်ချထွက်ပြေးသွားခဲ့သည်။
အဆိုပါနယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter– terrorism Action) လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
http://dsinfo.org/node/644
No comments:
Post a Comment