ရသေ့တောင်၊ ပြိန်းတောကျေးရွာအနီး ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ICRC အငှားမော်တော်ရေယာဉ် ပါဝင်ဟု ICRC တရားဝင် သတင်းထုတ်ပြန်
ရန်ကုန်၊ အောက်တိုဘာ ၂၈
ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာအနီးတွင် ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ICRC အကူအညီများ သယ်ယူပို့ဆောင်ပေးနေသည့် အငှားမော်တော်ရေယာဉ်တစ်စင်း ပါဝင်ကြောင်း ICRC က သတင်းထုတ်ပြန်သည်။
ICRC ၏ အဓိက စိုးရိမ်မှုမှာ ဖြစ်စဉ်တွင် ဒဏ်ရာရရှိသွားသော စက်လှေဝန်ထမ်းများ ဆေးကုသနိုင်ရေးအတွက် အကူအညီနှင့်အထောက်ပံ့များ အချိန်မီ ရရှိစေရန်၊ ICRC အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများကို ဆက်သွယ်ကာ အခြေအနေကို ဆက်လက်လေ့လာသု သုံးသပ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် စစ်တွေ မှ ICRC ကွင်းဆင်းလုပ်ငန်းခရီးစဉ်များနှင့် ရသေ့တောင်မြို့တွင် ယင်းလုပ်ငန်းများကို သတင်းတစ်စုံတစ်ရာ ထပ်မံ မထုတ်ပြန်သေးသည့်အချိန် အထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ICRC သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
https://web.facebook.com/khitthitnews/posts/1049044052199607?__cft__[0]=AZWET7D3OPYuhQKpwvUYIS6GhzqICLpPkBqcwpBb7DNpWep3QcSt_hvprNu1U24Zsg-AuioA5_k0-CXVDxokp2UKSCiLudCfuKO3sgpClXJqI1H3MDCmPtWb1TUEukm0eIkFJD6x2c4aUx2HBvzuu1h2&__tn__=%2CO%2CP-R
No comments:
Post a Comment