ရမ်းဗြဲမြို့တွင် ရခိုင်စစ်ပွဲဆန့်ကျင်ရေးစာများကပ်
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ အောက်တိုဘာ ၅ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ရခိုင်စစ်ပွဲဆန့်ကျင်ရေး စာရွက်ကို ဓာတ်တိုင်များတွင် ကပ်ထားသည်ကို တွေ့ရှိရကြောင်း မြို့ခံများက ပြောသည်။
ရမ်းဗြဲမြို့ဒေသခံတစ်ဦးဖြစ်သူ ကို မြင့်ကျော်က “ဘယ်သူတွေလုပ်သွားလဲတော့ မသိဘူး။ မနေ့ည အချိန်မှာလုပ်သွားတာထင်တယ်။ နေရာတွေကတော့ မြို့ရဲ့ လမ်းဆုံးလမ်းခွတွေမှာ အဓိကထားပြီး လုပ်သွားတာဖြစ်တယ်” ဟုပြောသည်။
၎င်းစာရွက်များကို ဓာတ်မီးတိုင်များတွင် ကပ်ပြီး အထက ၁ အနီး၊ တန်းချေပြင်နှင့် ဘုရားများအနီးတဝိုက်တွင် တွေ့မြင်ရသည်ဟု ၎င်းက ပြောဆိုသည်။
အဆိုပါစတေကာ စာရွက်တွင် ပြည်တွင်းစစ်ချက်ချင်းရပ်၊ တပ်မတော်အလင်းဝင်ပါ၊ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ဖက်ဆစ်စစ်တပ် ကျဆုံးပါစေ၊ ပြည်တွင်းစစ်ချက်ချင်းရပ် စသောအချက်များပါရှိပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကပ်ထားသည်ကို တွေ့ရှိရဟု ၎င်းက ပြောသည်။
အဆိုပါ ရခိုင်စစ်ပွဲဆန့်ကျင်ရေး ကမ်ပိန်းလှုပ်ရှားမှုနှင့် ပတ်သက်၍ ရခိုင်ပြည်ကျောင်းသား သမဂ္ဂခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကျော်နိုင်ဌေးက ယခုလိုမျိုးလှုပ်ရှားမှုများကို မြင်တွေ့ရသဖြင့် ထောက်ခံကြိုဆိုကြောင်း ပြောသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ ရမ်းဗြဲရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ကြိုစားခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ်မရရှိခဲ့ပါ။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ မန္တလေးတိုင်း ၊ မိတ္ထီလာမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်များတွင် ရခိုင်စစ်ပွဲဆန့် ကျင်ရေး လှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ဗကသက တရားဝင် သတင်းထုတ်ပြန်သည်။
စစ်တွေမြို့တွင်လည်း လူသွားလူလာများသည့် လမ်းမပေါ်တွင် အနီရောင်ဆေးမှုတ်ပြီး အောက်တိုဘာ ၃ ရက်နေ့ ညက လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
-------------------------------
Unicode -
နိရဉ်စရာ၊ အောကျတိုဘာ ၅ / ၂ဝ၂ဝ
https://burmese.narinjara.com/.../5f7b0b05bd1bbf34d1a09064
https://www.facebook.com/narinjara.info/posts/3669012366444147
No comments:
Post a Comment