Sunday, October 4, 2020

ဘားအံ၊ ချောင်းဆုံ၊ မိတ္ထီလာ၊ စစ်တွေမြို့ကြီးများတွင် ရခိုင်စစ်ပွဲဆန့်ကျင်ရေး ကမ်ပိန်းများ ဆက်တိုက်ပြုလုပ်လာ

 ဘားအံ၊ ချောင်းဆုံ၊ မိတ္ထီလာ၊ စစ်တွေမြို့ကြီးများတွင် ရခိုင်စစ်ပွဲဆန့်ကျင်ရေး ကမ်ပိန်းများ ဆက်တိုက်ပြုလုပ်လာ

ရန်ကုန်၊ အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ မန္တလေးတိုင်း ၊ မိတ္ထီလာမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်များတွင် ရခိုင်စစ်ပွဲဆန့် ကျင်ရေး လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ယနေ့ နံနက် အစောပိုင်း ဗမာနိုင်လုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) က ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ ဖက်ဆစ်စစ်တပ် အလိုမရှိ ၊ ပြည်တွင်းစစ် ချက်ချင်းရပ် စသော စတစ်ကာများ ကပ်ခဲ့ကြောင်း ဗကသက တရားဝင် သတင်းထုတ်ပြန်သည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပညာရေးမှူးရုံးအနီးတွင်လည်း အောက် တိုဘာလ ၃ ရက်နေ့က က ရခိုင်စစ်ပွဲ ဆန့်ကျင်ရေး စတေကာကမ်ပိန်းကိုလည်း ကောင်း၊ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)က အောက်တိုဘာလ ၃ ရက်နေ့ မိတ္ထီလာမြို့ပေါ်ရှိ လမ်းများပေါ်တွင်စစ်ပွဲများ၏မြေစာပင်ဘဝရောက်နေသော အဖိနှိပ်ခံ ရခိုင်ပြည်သူလူထုနှင့်အတူ ရပ်တည်ပေးကြရန် စတစ်ကာကမ်ပိန်းထပ်မံပြုလုပ်ခဲ့ကြောင်း ဗကသက ဆက်တိုက်ဆိုသလို သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်စစ်တွေမြို့လမ်းမကြီးဘီလူးမတံတားနှင့် ဆတ်ရိုးကျတံတားပေါ်ကားလမ်းမများတွင် “ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ Murder Army” စာသားများကို မှုတ်ဆေးအနီများသုံး၍ စစ်တပ်ဆန့်ကျင်ရေး ကမ်ပိန်းတစ်ခုလုပ်ဆောင်ထားသည်ကို အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

https://web.facebook.com/khitthitnews/posts/1028832787554067?__cft__[0]=AZUc9NbFWlFVaWtXMH9DDFzMujXdUreQG23uD-CWiqM_PPAoYHN8bhhOKFGb0H91cdQEzDKug3oFzaxinXV-heUnyMlHqmiYp1ZDhPxUnJCYqkPwhm4pYepxAsaZo4jOsqjfDOzxyYux0rpOvpCgdb59JoTabl2uSoI3aqUuzeUSLyCpyqPS9KBLUql7lLzX5Gs&__tn__=%2CO%2CP-R

No comments:

Post a Comment