တိုင်းရင်းသားပါတီများ ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်က အပြောင်းအလဲ လုပ်နိုင်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။
တိုင်းရင်းသား ပါတီများအနေဖြင့် ညွှန်ပေါင်းအစိုးရ ဖွဲ့နိုင်မည်ဆိုပါက တစ်ပါတီ အာဏာရှင်စနစ်နှင့် စစ်အာ ဏာရှင်စနစ်ကို တွန်းလှန် နိုင်မည်ဟု ယုံကြည်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း က ပြောဆိုလိုက်သည်။
၂၀၂၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းတစ်ခုကို အလှည့်အပြောင်း ဖြစ်လာ နိုင်သည့် ရွေးကောက်ပွဲဖြစ်သည်ဟု တိုင်းရင်းသားနိုင်ငံရေးပါတီ အချို့က ဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ဝိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်း စိုင်းဆွန်လျို့က “တိုင်းရင်းသား တစ်ခုတည်းနဲ့ မှီခိုလို့ သွားလို့ မှမရဘူး။ တောက်လျှောက် တိုင်း ရင်းသား အချင်းချင်း စည်းလုံးညီညွှတ်မှု ရှိမှနောက်တစ်ချက်က ကျနော်တို့ လိုချင်တဲ့ ညွှန့်ပေါင်း အစိုးရ ဒါတွေ ညွှန့်ပေါင်း အစိုးရဖွဲ့နိုင်ပြီဆိုလျှင် ခုနကျ နော်ပြောတဲ့ တစ်ပါတီ အာဏာရှင် စနစ်တို့ စစ်အစိုးရ ဆိုတာ တွန်းလှန်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ပြောသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှ အနိုင်ရရှိကာ အစိုးရဖြစ်လာသည့် NLD ပါတီ အနေဖြင့် တိုင်း ရင်းသားများ ၏ အသံကို လစ်လျူရှုခဲ့ပြီး ဗဟိုချုပ်ကိုင်မှုဖြင့်သာ အများဆုံး အုပ်ချုပ်စီမံလုပ် ဆောင်ခဲ့သည့် အတွက် စုပေါင်းခေါင်းဆောင်မှု စုပေါင်းလုပ်ဆောင်မှုများမှာ အားနည်းခဲ့သည်ဟု ဝိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းက ပြောသည်။
ထို့ကြောင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် ညွှန့်ပေါင်းအစိုးရ ဖြစ်လာရန်လိုသည်ဟု စိုင်းဆွန်လျို့ က ဆက်ပြောသည်။
“ဒီဟာက ညွှန့်ပေါင်းအစိုးရဆိုတာ ဒါကို ဒီညွှန့်ပေါင်းကို သွားကိုသွားရမယ်။ ဘာကြောင့်လဲဆိုရင် ကျနော် တို့ တစ်ပါတီပဲ ကြီးစိုးနေရင် တစ်ပါတီစနစ် တစ်ပါတီ အာဏာရှင်လိုဖြစ်သွား မယ်။ ဘာကြောင့် လဲဆိုရင် ကျနော်တို့ ခုနပြောသလို ဖက်ဒရယ်ပြည်ထောင်စု သွားနေတဲ့ ဒီမိုကရေစီ ဖြစ်တဲ့အတွက် ကျနော်တို့ ဒီညွှန့် ပေါင်းကို တိုင်းရင်းသား လူမျိုးစုံရဲ့ အသံကို နားထောင်မှရမယ်။”
ထို့အတူ ပေါင်းစည်းထားသည့် ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီများအနေဖြင့်လည်း လာမည့် ရွေး ကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက ညွှန့်ပေါင်း အစိုးရဖွဲ့ သွားရန်ရှိပြီး ထိုမှတစ်ဆင့် တိုင်းရင်းသား များ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို လုပ်ဆောင်သွားမည်ဟု တိုင်းရင်းသား ပါတီများက လည်း ပြောဆိုထားသည်။
ပြည်နယ် အခြေစိုက် ပေါင်းစည်းပါတီ ၅ ခုတွင် ပါဝင်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်း က “ကျနော်တို့က ၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ ကျနော်တို့ရဲ့ တိုင်းရင်းသား ပူးပေါင်းထားတဲ့ ပါတီတွေ အနေနဲ့ ကျနော်တို့ ဆုံးဖြတ်ထားတာ ဆွေးနွေးထားတာကတော့ အနာဂတ်မှာ အစိုးရလုပ်မယ့် ပါတီတွေ အနေနဲ့ ဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်ခံရမယ်။ နံပါတ် ၂ အနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့လိုတယ်။ ဒါကိုလက်ခံဖို့လိုတယ်။ ငြိမ်းချမ်းရေး လုပ်ဖို့လိုတယ်။ အဓိကကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ် ပြည်ထောင်စုနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အသစ်ရေးဆွဲရေးကို လက်ခံတဲ့ ပါတီတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက်ဖို့ ကျနော်တို့ ဒါပဲ ဆွေးနွေး ထားတာ ရှိပါတယ်” ဟု ပြောသည်။
စိုင်းဆွန်လျို့ကလည်း “လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ခုနက ကျနော်ပြောသလို ကျနော်တို့ တိုင်းရင်း သားအရေး တိုင်းရင်းသား အခွင့်အရေးတွေ မိမိဖန်တီးဖို့ နောက်ပြီးတော့ စုပေါင်းခေါင်းဆောင်နိုင်မယ့် လူတွေ နောက်တစ်ချက် ပူးပေါင်းဆောင်ရွက် နိုင်မယ်လို့ ယုံကြည်တယ်။ နောက်တစ်ချက်က တိုင်းရင်း သား အခွင့်အရေးတွေ ဖန်တီးပေးနိုင်မယ်လို့ ကျနော်တို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးကြပါလို့ တိုက်တွန်းရင်းနဲ့ ပြောကြားချင်ပါတယ်” ဟု ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်း ၁၃၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ မိုးကောင်း၊ မိုးမောက်၊ မံစီ မြို့နယ်များရှိ မဲဆန္ဒနယ် ၁၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
မြန်မာ့နိုင်ငံရေးတွင် ပါတီကြီးတစ်ခုထဲက လွတ်လပ်စွာ ချယ်လှယ်လုပ်ကိုင်နေသည့် အစိုးရထက် ပါတီအ များစုနှင့် စုပေါင်းကာ ဖြစ်ပေါ်လာသည့် ညွှန်ပေါင်း အစိုးရကသာ၍ တိုင်းပြည်အတွက် သာ၍ အကျိုးရှိနိုင် သည်ဟု SNLD ပါတီအပါအဝင် တိုင်းရင်းသားပါတီများက ထောက်ပြပြောဆိုထားသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် ကျင်းပရသည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ပါတီတစ်ခုတည်းက ၅၀ ရာခိုင်နှုန်းနှင့်အထက် အနိုင်မရရှိ ပါက အစိုးရဖွဲ့နိုင်မည် မဟုတ်ကြောင်း၊ သို့သော် ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ပါတီပေါင်းစုံဖြင့် စုဖွဲ့ထား သည့် ညွှန့်ပေါင်း အစိုးရ ဖြစ်လာရန် အတွက် ရွေးကောက်ပွဲဝင်မည့် သက်ဆိုင်ရာ တိုင်းရင်းသား ပါတီ အသီးသီး၏ ကြိုးစားအားထုတ်မှုနှင့် လုပ်ဆောင်မှု အပေါ်တွင် မူတည်နေသည်ဟု ဆိုသည်။
တိုင်းရင်းသား နိုင်ငံရေးပါတီအချို့က ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ပါတီပေါင်းစုံဖြင့် စုဖွဲ့ထားသည့် ညွှန့်ပေါင်း အစိုးရဖြစ်လာလိမ့်မည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။
ပေါင်းစည်းထားသည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ၅ ခုမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)၊ ချင်းအမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် (CNLD) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများက NLD ပါတီကို ဝန်းရံခဲ့ကြသည် သာမက ပါတီ အောင်နိုင် ရေးအတွက် ကြိုးစား လုပ်ဆောင်ပေးခဲ့ကြပြီး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ပါတီက တိုင်းရင်း သားများ၏ အရေးကို လျစ်လျူ ရှု့ထားခဲ့သည်ဟု ဆိုသည်။
ထိုအနေအထားများကြောင့် ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် တိုင်းရင်းသားပါတီများအနေဖြင့် ရွေး ကောက်ပွဲ အောင်နိုင်မည်ဆိုပါက ညွှန့်ပေါင်းအစိုးရ ဖွဲ့သွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တိုင်းရင်းသားများ၏ အခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီအရေးတို့ကို ကြိုးစားလုပ်ဆောင် သွားမည်ဟု တိုင်းရင်းသား ပါတီများက ပြောသည်။
http://www.nmg-news.com/2020/10/29/12318
No comments:
Post a Comment