ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ဦးရေ နှစ်သိန်းနှစ်ကျော်အထိ ရှိလာ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ဦးရေ နှစ်သိန်းနှစ်ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းရုံး(REC) က ကောက်ယူခဲ့သော စာရင်းဇယားများအရ သိရသည်။
REC က အောက်တိုဘာ ၁ ရက်အထိ ကောက်ယူထားသောစာရင်းများအရ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် အရေအတွက်မှာ ၂၂၆၈ဝ၄ ရှိနေပြီဖြစ်ကာ အိမ်ထောင်စု (၁၀) စုနှင့် အောက်ခိုလှုံနေသောနေရာများကို စစ်ဘေး ဒုက္ခသည်စခန်းအဖြစ် မဖော်ပြတော့ဘဲ နီးစပ်ရာခိုလှုံနေသူများစာရင်းတွင် ပေါင်းထည့်ပေးထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ၂၂၆၈၀၄ ဦးရှိသည့်အနက် တိုက်ပွဲရှောင်စခန်းတွင် နေထိုင်သူ အရေအတွက်မှာ ၇၇၉၄၄ ဦးရှိပြီး စခန်းပြင်ပနေထိုင်သည့် စစ်ဘေးသင့် ဒုက္ခသည်ဦးရေပေါင်းမှာ ၁၄၈၈၆ဝ ဦးရှိကြောင်း သိရသည်။
http://sdtimedaily.com/2020/10/02/shp24-92/

No comments:
Post a Comment