ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲ မကျင်းပဟု ရွေး/ကော်ကြေညာ



ချင်းပြည်နယ်ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ (အောက်တိုဘာ ၂၇ ရက်)ညပိုင်းတွင် ကြေညာလိုက်သည်။
ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉၄) အုပ်စုသည် ရွေးကောက်ပွဲမကျင်းပသည့် နယ်မြေများအဖြစ်သတ်မှတ်လိုက်ခြင်းကြောင့် မဲပေးပိုင်ခွင့်ရှိသူ (၅၇၆၆၄) ဦး မဲပေးခွင့်ဆုံးရှုံးသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပလက်ဝမြို့နယ်အတွင်းရှိ ဆမီးမြို့နယ်ခွဲကို ထည့်သွင်း ကြေညာခဲ့ခြင်း မရှိပေ။
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။
http://sdtimedaily.com/2020/10/27/shp20-166/

No comments:
Post a Comment