AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့မှုများကို ဆောင်ရွက်လျက်ရှိသောကြောင့်
ကုန်စည်စီးဆင်းမှုအခက်အခဲများဖြစ်ပေါ်ခြင်း၊ စားရေးအခက်အခဲများကြုံတွေ့ ခြင်းနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေးတို့တွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
ထိုသို့ဖြစ်ပေါ်နေသည့် အခြေအနေများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မတူပီ- ဆမီး-ပလက်၀ လမ်းကြောင်း၊ ကျောက်တော်-ပလက်၀ လမ်းကြောင်းပွင့်စေရေး ဆောင်ရွက်ခဲ့မှုများအပါအဝင် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပျက် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိစဉ် စစ်တွေ-မင်းပြား-အမ်း လမ်းပန်းဆက်သွယ်မှုလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များသည် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် စက်တင်ဘာလမှ ယနေ့အချိန်အထိ မင်းပြားနှင့် အမ်းအကြား ပြည်ထောင်စုလမ်းမကြီးပေါ်၌ ထိတွေ့မှု ၄ ကြိမ်ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၃ ရက်နေ့တွင်လည်း အမ်း-မင်းပြားသွားကားလမ်းပေါ်ရှိ တောင်ဘုတ်ကေကျေးရွာအနီး၌ လမ်းကြောင်းဖြတ်တောက်ပိတ်ဆို့မှုဆောင်ရွက်လျက်ရှိသော AA အကြမ်းဖက်သောင်းကျန်းသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှု ဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ဖြစ်စဉ်များတွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှုလုံခြုံစေရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
http://dsinfo.org/node/513
No comments:
Post a Comment