Wednesday, October 28, 2020

AA အကြမ်းဖက်သောင်းကျန်းသူများက မြောက်ဦးမြို့နယ်၊ အဝပြင်ရွာသားများအား ရိုက်နှက်၍ ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ ဈေးပစ္စည်းများအား လုယက်ယူဆောင်သွား

 ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် အောက်တိုဘာလ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက အဝပြင်ကျေးရွာသား ၂၀ဦးအား ရိုက်နှက်၍

၎င်းတို့ထံမှ ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ ဈေးပစ္စည်းများအား လုယက် ယူဆောင်သွားကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ မြောက်ဦးမြို့နယ်၊ အဝပြင်ကျေးရွာနေ ရွာသား ၂၀ ဦးခန့်သည် ပုဏ္ဏားကျွန်းမြို့မှ ဈေးဝယ်၍ စက်လှေဖြင့် ပြန်လည်ထွက်ခွာလာရာ ကုလားပုန်းမြစ်နှင့် ဟင်းခရော် မြစ်ဆုံနေရာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများက စက်လှေအား တားဆီး၍ ရွာသားများအား ရိုက်နှက်ကာ ဝယ်ယူလာသော ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ ဈေးပစ္စည်းများ အား အဓမ္မ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

          လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ဖြစ်စဉ်နေရာတစ်ဝိုက်သွားရောက်၍ အကြမ်း ဖက်နှိမ်နင်းရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။


http://dsinfo.org/node/622  

No comments:

Post a Comment