Friday, October 2, 2020

AA မှ ထိန်းသိမ်းထားသည့် ဆလိုင်းအောင်စိုးအား အမြန်ဆုံးလွှတ်ပေးပါရန် Central Chin Youth Organizationမှ သဘောထားထုတ်ပြန်

====
AA မှ ထိန်းသိမ်းထားသည့် ဆလိုင်းအောင်စိုးအား အမြန်ဆုံးလွှတ်ပေးပါရန် သဘောထားထုတ်ပြန်ချက် (၃/၂၀၂၀)
၂၀၂၀ခုနှစ်၊ အောက်တိုဘာလ(၃)ရက်
ရက္ခိုင့်တပ်မတော်(AA)မှ ၂၀၂၀ခုနှစ်၊ ဇူလိုင် (၂၉)ရက်နေ့တွင် ချင်းလူငယ်(၄)ဦးအား အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးထိန်းသိမ်းပြီး (၃)ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သော်လည်း ဆလိုင်းအောင်စိုးကိုမူ ယနေ့တိုင် ထိန်း သိမ်းထားသည့်အပေါ် ဗဟိုချင်းလူငယ်အဖွဲ့အစည်း (Central Chin Youth Organization)မှ အောက်ပါအတိုင်း သဘောထားထုတ်ပြန်လိုက်သည်။
၁။ ချင်းလူမျိုးများနှင့် ချင်းလူငယ်များကို မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ကျူးလွန်သည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လုပ်ရပ်ဟူသမျှ ဗဟိုချင်းလူငယ်အဖွဲ့အစည်းမှ အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်။
၃။ ယခုလို ချင်းလူငယ်များနှင့် ချင်းပြည်သူများကို မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပန်း ခြင်းများ ပိုမိုဖြစ်ပေါ်လာခြင်းကြောင့် တိုင်းရင်းသားအချင်းချင်းဖြစ်သော ချင်းနှင့် ရခိုင်လူမျိုးများအကြား ရန်လိုမုန်းတီးမှုများ နှင့် လူမျိုးရေးပြသနာများ ပိုမိုပြင်းထန်ကြီးထွားလာမည်ကို စိုးရိမ်မကင်း ဖြစ်မိသည်။
၄။ AA မှ ဖမ်းဆီးထိန်းသိမ်းထားသော ဆလိုင်းအောင်စိုး၏ ကျန်းမာရေးနှင့် အသက်အန္တရယ် အလွန်စိုးရိမ် ရပြီး သူ့ကို ဖမ်းဆီးရခြင်း၏ အကြောင်းရင်းနှင့် ကျန်းမာရေးအခြေအနေကို အမြန်ဆုံးလူထုကို အသိပေး ရှင်းလင်းစေလိုသည်။
၅။ ဗဟိုချင်းလူငယ်အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဆလိုင်းအောင်စိုးအား AA မှ ကျန်းကျန်းမာမာ အမြန်ဆုံး ပြန်လွှတ်ပေးပါရန်နှင့် မည်သည့်အကြောင်းကြောင်းကြောင့် ချင်းပြည်သူနှင့် အရပ်သားများ မတရား ဖမ်းဆီးခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် အလေးနက်တောင်းဆိုသည်။
၆။ ဆလိုင်းအောင်စိုးအား AA မှ မတရားဆက်လက်ထိန်းသိမ်းခြင်း၊ ချင်းလူမျိုးများ နည်းမျိုးစုံဖြင့် မတရား ချိန်းခြောက်ခြင်း၊ ချင်းပြည်နယ်အတွင်းမှာ ရမ်းကားသောင်းကျန်းခြင်း၊ အဖြစ်မှန်များဖုံးကွယ်ရန် ချင်းလူ ထုခေါင်းဆောင်များ ဖမ်းဆီးနှိပ်စက်မှုများပြုလုပ်နေပါက ချင်းလူငယ်များ ငြိမ်နေမည်မဟုတ်ကြောင်းနှင့် ချင်းလူမျိုးများဖြစ်တည်မှု၊ လုံခြုံရေး၊ လူ့ဂုဏ်သက္ခာကာကွယ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားသွားမည်ဖြစ် ကြောင်း အလေးအနက် သဘောထားထုတ်ပြန်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ဗဟိုချင်းလူငယ်အဖွဲ့အစည်း
(Central Chin Youth Organization)
ဆက်သွယ်ရန်- ၀၉၂၆၄၄၈၂၈၅၄
Zawgyi Version
AA မှ ထိန်းသိမ်းထားသည့် ဆလိုင်းအောင်စိုးအား အမြန်ဆုံးလွှတ်ပေးပါရန် သဘောထားထုတ်ပြန်ချက် (၃/၂၀၂၀)
=====================

https://web.facebook.com/khumimediagroup/posts/3635718469806076?__cft__[0]=AZVELGIxsoFCyhTDx2Hx3X_eOnkzTmA7p4crBWjKxp9vAfaQPMCOLn87u7HHePuW0KRStHsSRa5uGdnMOTI58Nj6FpwppI6uKs2qfNxaF2VZkthXLCogtf88KkrqwBewmTFPAAweE_cQs7uppzlUG3tM2w-KkcmSYfQ_2ao3HmpbF0eUkuBcDZroB70UKnNiNDU&__tn__=%2CO%2CP-R

No comments:

Post a Comment