Tuesday, September 1, 2020

ထိန်းချုပ်နယ်မြေအတွင်း မဲဆွယ်ပါက ကြိုတင်အကြောင်းကြားရမည်ဟု RCSS/SSA ထုတ်ပြန်

ထိန်းချုပ်နယ်မြေအတွင်း မဲဆွယ်ပါက ကြိုတင်အကြောင်းကြားရမည်ဟု RCSS/SSA ထုတ်ပြန်
ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်အရှေ့ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ရေးတင်မာသည့် ဒေသများတွင် မဲဆွယ်စည်းရုံးရေးဆောင်ရွက်ပါက လုံခြုံရေးလိုက်ပေးမည်ဟု ဆိုသည်

အောင်ငြိမ်းချမ်း
Published on Sep 1, 2020
စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာမတိုင်မီ ဩဂုတ် ၂၃ တွင် နေပြည်တော်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ် တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ - Myanmar State Counsellor Office)
စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာမတိုင်မီ ဩဂုတ် ၂၃ တွင် နေပြည်တော်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ် တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ - Myanmar State Counsellor Office)
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ရှမ်းပြည်တော်လှန်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေအတွင်း မဲဆွယ်လိုပါက ကြိုတင်အကြောင်းကြားရမည်ဖြစ်ကြောင်း ယနေ့(စက်တင်ဘာ ၁ ရက်) တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အမိန့်၊ ကြေညာချက်များ၊ COVID-19 ရောဂါ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မဲဆွဲနိုင်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် တတ်နိုင်သမျှ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း RCSS/SSA ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

Mmnowelectionads.Jpg

မဲဆွယ်စည်းရုံးလိုသော နိုင်ငံရေးပါတီများအနေဖြင့် RCSS/SSA ဆက်ဆံရေးရုံးများ၊ ၎င်းတို့ထိန်းချုပ်ဒေသတွင်းရှိ နယ်မြေခံအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စစ်ဒေသမှူးများကို ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး အကြောင်းကြားပြီးမှသာ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီးစိုင်းအုပ်ခေးက ပြောသည်။

“စစ်ဒေသမှာ တခါတလေ စစ်ရေးအခြေအနေက အဆင်မပြေတာတွေရှိတယ်။ ပြီးတော့ ပါတီတွေရဲ့လုံခြုံမှုရယ်၊ သူတို့လုပ်ငန်း အဆင်ပြေချောမွေ့စေဖို့ရော‌ပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်အရှေ့ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသအချို့တွင် RCSS/SSA ထိန်းချုပ်နယ်မြေများရှိပြီး စစ်ရေးတင်မာသည့် ဒေသများတွင် မဲဆွယ်စည်းရုံးမည့် နိုင်ငံရေးပါတီများကို လုံခြုံရေးလိုက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဒုဗိုလ်မှူးကြီးစိုင်းအုပ်ခေးက ပြောသည်။

အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က COVID-19 ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စက်တင်ဘာလ ၈ တွင် မဲဆွဲစည်းရုံးခြင်းလုပ်ငန်းများ စတင်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၃၀ တွင် ကြေညာထားသည်။

Mmnowelectionads.Jpg

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် ခရိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှတဆင့် ကြေညာလျက်ရှိသည်ဟု တွေ့ရသည်။

https://myanmar-now.org/mm/news/4373

No comments:

Post a Comment