ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ သက်ဆိုင်ရာ မန်နေဂျာများသည် စက်တင်ဘာ ၁ ရက်က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပခဲ့ကြပါသည်။
.
အစည်းအဝေးတွင် လာမည့်လများ၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စများ၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။
.
အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် JMC-U ရုံးအဖွဲ့၏ ဌာနအသီးသီးမှ မန်နေဂျာများနှင့် ပြည်နယ်အဆင့် JMC-S ရုံးအဖွဲ့ မန်နေဂျာများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
https://web.facebook.com/JointCeasefireMonitoringCommittee/posts/1175887322784370?__cft__[0]=AZWwHfqsQz_MjogfR2ZzeUqqZFOQ3Igy19nBNOJCiPZoutbiScTHidED-bTqCJsT6o-k1QTVSYCwxPEwWrQLsUEBV_s7QN3pUj8gc7pUg4xEYiPa_THqnulgTuiThEigy9ZsI1wPxgesBCCxTICdePxHLsj-8ice4gQb6TjiQFdQGA&__tn__=%2CO%2CP-R
No comments:
Post a Comment