Saturday, September 26, 2020

မဲဆွယ်စည်းရုံးခွင့်ပြုရင် ကျေးရွာက ဒဏ်ငွေဆောင်ရမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်ထံ တိုင်ကြားထား

  မဲဆွယ်စည်းရုံးခွင့်ပြုရင် ကျေးရွာက ဒဏ်ငွေဆောင်ရမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်ထံ တိုင်ကြားထား

လွေးနှင်းဖြူ၊ ရွှေဖီမြေ

စက်တင်ဘာ ၂၇ ရက်၊ မိုင်းကိုင်

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုထဲက ကျေးရွာတွေမှာ ပါတီတွေကို မဲဆွယ်စည်းရုံးခွင့်ပြုရင် ကျေးရွာက ဒဏ်ငွေ(၁၀)သိန်း ပေးဆောင်ရမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး မနေ့စက်တင်ဘာလ ၂၆ ရက်မှာ TNP က လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ စာတင်ထားတယ်လို့ သိရပါတယ်။

မဲဆွယ်စည်းရုံးခွင့်မပြုဖို့ တားမြစ်သူဟာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တပ်ဖွဲ့ဖြစ်တယ်လို့လည်း ကျေးရွာဥက္ကဌတွေဆီ ပေးပို့တဲ့ လက်ရေးမူစာမှာ ရေးသားထားပါတယ်။

TNP ပါတီဘက်က စာတင်ထားတာနဲ့ပတ်သက်ပြီး လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသိန်းနိုင်က အခုလို ပြောပါတယ်။

“မနေ့က စာတင်လာတာရှိပါတယ်။ ကျနော်တို့ဘက်ကလည်း ဆောင်ရွက်ပေးပါတယ်။ ကျေးရွာသုံးရွာ သွားလို့မရဘူးလို့ပြောလာတာပေါ့နော်။ ပါတီတွေလည်း နေရာတိုင်းမှာ လုပ်ရတာ အခက်အခဲတွေရှိတယ်။ အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ တိုက်ရိုက်ခေါ်တွေ့လို့မရဘူး။ အဲဒီကိစ္စတွေကို ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆီ စာပြန်တင်ထားတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

RCSS ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး အုမ်ခေးကို ဖုန်းနဲ့ ၂ ကြိမ်ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဌ မိုင်းနုမ်ဟန်ကလည်း “ရွေးကောက်ပွဲကော်မရှင်ဆီ စာတွေ တင်ထားတယ်။ တိုင်းစစ်ဌာနချုပ်မှာလည်း တင်ထားပါတယ်” လို့ ​ဆိုပါတယ်။

စက်တင်ဘာလ ၂၄ ရက်မှာ TNP ပါတီက မဲစည်းရုံးဖို့အတွက် ပန်ကေတုကျေးရွာအုပ်စုထဲမှာရှိတဲ့ မောက်လျန်၊လွယ်ရွဲနဲ့ ကုန်းပေါင်းကျေးရွာတွေဘက်ကို ကွင်းဆင်းခဲ့ပေမယ့် ပါတီတွေကို မဲဆွယ်စည်းရုံးရေး ပြုလုပ်ခွင့်ပြုလျှင် ဒဏ်ငွေ (၁၀)သိန်း ပေးဆောင်ရမယ်လို့ ကျေးရွာအုပ်စုစာရေးဖြစ်သူ စိုင်းလိန်က ရွာဥက္ကဌတွေဆီ စာပို့ထားတာဘဲ ဖြစ်ပါတယ်။

#မဲဆွယ်စည်းရုံးရေး #ပါတီ #မိုင်းကိုင် #RCSS

https://www.facebook.com/451214215694715/posts/797844544365012/


https://www.facebook.com/shwepheemyaynews/posts/797844544365012

No comments:

Post a Comment