Sunday, September 27, 2020

ရခိုင်အရေး ဆန္ဒပြတဲ့ ပခုက္ကူနဲ့ ပြည်က ကျောင်းသား ခုနှစ်ဦး အဖမ်းခံရ

 ရခိုင်အရေး ဆန္ဒပြတဲ့ ပခုက္ကူနဲ့ ပြည်က ကျောင်းသား ခုနှစ်ဦး အဖမ်းခံရ

2020-09-28အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်

ငြိမ်းချမ်းရေး၊ စစ်ဆန့်ကျင်ရေး ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီး ခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားတွေကို ချမ်းအေးသာစံတရားရုံးမှာ ၂၀၂၀၊ စက်တင်ဘာ ၂၈ ရက်နေ့က ရုံးထုတ်စဉ်

ငြိမ်းချမ်းရေး၊ စစ်ဆန့်ကျင်ရေး ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီး ခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားတွေကို ချမ်းအေးသာစံတရားရုံးမှာ ၂၀၂၀၊ စက်တင်ဘာ ၂၈ ရက်နေ့က ရုံးထုတ်စဉ်

Photo: All Burma Federation of Student Unions - cec

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ စစ်ဆန့်ကျင်ရေး ဆန့်ကျင် ဆန္ဒပြနေတဲ့ ဗကသများအဖွဲ့ချုပ် ပခုက္ကူနဲ့ ပြည်တက္ကသိုလ်က ကျောင်းသား ခုနှစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။


ပခုက္ကူမြို့နယ်က ကျောင်းသား ငါးဦးကို စက်တင်ဘာလ ၂၇ ရက် မနေ့ညနေပိုင်းက ဖမ်းဆီးပြီး မန္တလေး အမှတ် (၆) နယ်မြေရဲစခန်းမှာ  ထိန်းသိမ်းထားပါတယ်။


အဲဒီကျောင်းသားငါးဦးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် မန္တလေးမြို့က ကျောင်းသား သုံးဦးတို့နဲ့အတူ ချမ်းအေးသာစံ မြို့နယ်တရားရုံးမှာ  ဒီနေ့မနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ဗကသ အဖွဲ့ဝင် ရန်ကုန်ပညာရေးတက္ကသိုလ် ဒုဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက RFA ကို ပြောပါတယ်။


သူတို့ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ က၊ ခ တို့အပြင် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့နဲ့ ဖမ်းဆီးအရေးယူတာလို့ ဆိုပါတယ်။


သူတို့အားလုံးကို အမှတ် (၆) နယ်မြေရဲစခန်းက တရားလိုလုပ်ပြီး ရုံးတင်ခဲ့တာဖြစ်ပါတယ်။


မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ ပခုက္ကူကျောင်းသား ငါးဦးထဲက တစ်ဦးဖြစ်တဲ့ ကိုသက်မောင်မောင်ရဲ့ မိခင်ဖြစ်သူက သူ့ရဲ့သားကို ဆက်သွယ်လို့မရတဲ့အတွက် စိတ်ပူနေတယ်လို့ RFA ကိုပြောပါတယ်။


ကိုသက်မောင်မောင်က တပ်မတော်မိသားစုဝင်တစ်ဦး ဖြစ်ပြီး ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်ရင်း လက်အောက်ခံ ခလရ ၂၅၆ တပ်ဝင်းမှာ နေထိုင်နေသူဖြစ်ပါတယ်။


ဒီနေ့ နေ့လယ်ပိုင်းမှာ ပြည်မြို့က ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသားနှစ်ဦးကို ဖမ်းဆီးပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ (ခ ) တို့နဲ့ အမှုဖွင့်လိုက်ကြောင်းလည်း ကိုအောင်ပြည့်စုံဖြိုးက ပြောပါတယ်။


ပြည်မြို့မှာ အခုလအတွင်း ရခိုင်ပြည်နယ်အရေး စတစ်ကာကပ် ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံရတာလို့ သိရပါတယ်။


ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် မိတ္ထီလာက ကျောင်းသား နှစ်ဦးနဲ့ ဝန်းရံသူ တစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ (ခ တို့နဲ့ မိထ္တီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။


စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း အဲဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ မန္တလေးက ကျောင်းသားတစ်ဦးကို ဖမ်းဆီးပြီးနောက် ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ချက်ချင်း ရုံးတင်စစ်ဆေးပြီး အလုပ်နဲ့ ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပါတယ်။


ဗကသ ကျောင်းသားတွေဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေအတွင်း ဒုက္ခရောက်နေသူတွေနဲ့အတူ ရပ်တည်ကြောင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။


ဒါ့ပြင် ဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်း ချက်ချင်းပြန်ဖွင့်ပေးဖို့ ပြည်တွင်းစစ် ချက်ချင်းရပ်ဖို့ စတစ်ကာကပ်တဲ့ လှုပ်ရှားမှုတွေလည်း လုပ်ဆောင်နေကြပါတယ်။


https://www.rfa.org/burmese/news/arrested-seven-students-09282020053044.html

No comments:

Post a Comment