Tuesday, September 29, 2020

တပ်မတော်က အောက်တိုဘာလကုန်ထိ ထပ်မံအပစ်ရပ်

  တပ်မတော်က အောက်တိုဘာလကုန်ထိ ထပ်မံအပစ်ရပ်

ရွှေဖီမြေ၊ စက်တင်ဘာ ၃ဝ ရက်၊ လားရှိုး

ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အောက်တိုဘာလကုန်ထိ တတိယအကြိမ် ထပ်မံအပစ်ရပ်ကြောင်း မနေ့ စက်တင်ဘာ ၂၉ ရက်မှာ တပ်မတော်ဘက်က ကြေညာလိုက်ပါတယ်။

အကြမ်းဖက်လို့ သတ်မှတ်ကြေညာထားတဲ့ အဖွဲ့အစည်းရှိတဲ့နေရာတွေမှအပ ကျန်နယ်မြေတွေမှာ တပ်မတော်အနေနဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုကို အောက်တိုဘာလ ၁ ရက်ကနေ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းကြောင်း ကြေညာထားတာဘဲ ဖြစ်ပါတယ်။

တပ်မတော်ဘက်က မေလ ၁၀ ရက်ကနေ ဩဂုတ်လ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ပထမအကြိမ် ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၁ ရက်ကနေ ၃ဝ ရက်အထိ အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ကြောင်း ဒုတိယအကြိမ် ကြေညာခဲ့ပါတယ်။

#တပ်မတော် #အပစ်ရပ် #ကိုဗစ် #ငြိမ်းချမ်းရေး

#ဓာတ်ပုံ- မိုင်းအတ္တ၊ ရွှေဖီမြေ

https://www.facebook.com/451214215694715/posts/800028444146622/


https://www.facebook.com/shwepheemyaynews/posts/800028444146622

No comments:

Post a Comment