ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိ သော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ကုလားတန်မြစ်အနောက်ဘက်ခြမ်းရှိ
လောင်းကဒူးကျေးရွာဘက်မှ ကုလားတန်မြစ်အား ဖြတ်ကူး၍ မြစ်အရှေ့ဘက်ခြမ်းသို့ မောင်းနှင်လာသည့် စက်လှေတစ်စီးအား ရပ်တန့် စစ်ဆေးခဲ့ရာ ၎င်းစက်လှေပေါ်တွင် ပလက်ဝမြို့၊ ရွာမရပ်ကွက်နေသူများဖြစ်သည့် ထွန်းလင်းဇော်(ဘ)ဦးမောင်လှကျော်နှင့် စိုးကျော်လင်း(ဘ)ဦးသာကျော်မောင်တို့ ၂ ဦးအား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
စစ်ဆေးမေးမြန်းချက်များအရ အဆိုပါနှစ်ဦးမှ တစ်ဦးသည် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဖွင့်လှစ်သည့်သင်တန်းတွင် တက်ရောက်ခဲ့သူဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
http://dsinfo.org/node/470
No comments:
Post a Comment