ခိုဖိတ်နဲ့ ပန်သပြေရွာကြားမှာ အမျိုးသမီးငယ်တစ်ဦး မီးရှို့သတ်ခံရ
မိုင်းရူကော၊ ရွှေဖီမြေ
အောက်တိုဘာ ၁ ရက်၊ နမ္မတူ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ခိုဖိတ်နဲ့ ပန်သပြေရွာကြားက လမ်းမကြီးဘေးမှာ မီးရှို့သတ်ခံရတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့အလောင်းကို ဒေသခံတွေက ဒီနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူ အမျိုးသမီးငယ်ဟာ အသက် ၁၇ နှစ်အရွယ်ဝန်းကျင်သာ ရှိသေးပြီး ဘယ်ကလဲဆိုတာကိုတော့ မသိရသေးဘူးလို့ နမ္မတူမြို့နယ် တအာင်းစာပေနဲ့ယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးအိုက်ငိုက ပြောပါတယ်။
“ဘယ်သူလဲဆိုတာတော့ မသိရသေးဘူး။ အခုက အလောင်းကို ရင်ခွဲရုံမှာ ပို့ထားကြတယ်။ အသက်က ၁၆၊ ၁၇ နှစ်ဝန်းကျင်ဘဲ ရှိအုံးမယ်။ မျက်နှာနဲ့ အင်္ကျီတွေ လောင်ထားတော့ ဘယ်သူမှန်း သဲသဲကွဲကွဲ မသိရဘူးဖြစ်နေတယ်။ မနက်ဖြန်တော့ ဆေးစစ်ချက် သိရမှာပါ” လို့ ၎င်းက ပြောပါတယ်။
အမျိုးသမီးငယ်ဟာ လမ်းမကြီးဘေးမှာ မီးရှို့ခံထားရတာဖြစ်ပြီး အလောင်းရဲ့ ဘေးပတ်ဝန်းကျင်မှာ အစိမ်းရောင် မီးခြစ်တစ်ခုကိုလည်း တွေ့ရှိခဲ့ပါတယ်။
မျက်နှာပြင်တစ်ခုလုံး မီးရှို့ခံထားရပြီး လက်နဲ့ခြေထောက်တွေမှာလည်း ကုတ်ခြစ်ထားတဲ့ ဒဏ်ရာတွေ ရှိနေပါတယ်။
#အမျိုးသမီးငယ် #မီးရှို့သတ်ခံရ #နမ္မတူ
#ဓာတ်ပုံ- Facebook
https://www.facebook.com/451214215694715/posts/800976400718493/
https://www.facebook.com/shwepheemyaynews/posts/800976400718493
No comments:
Post a Comment